စက်သုံးဆီလိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိ ဖြည့်ဆည်းပေးနိုင်ရန် အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) ကို အသွင်သစ်ဖြင့် လည်ပတ်ထုတ်လုပ်သွားမည်

စက်သုံးဆီလိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိ ဖြည့်ဆည်းပေးနိုင်ရန် အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) ကို အသွင်သစ်ဖြင့် လည်ပတ်ထုတ်လုပ်သွားမည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 06, 2025
image_latest


နေပြည်တော် ဇွန် ၅

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ဧည့်ရိပ်သာ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် တာဝန်ရှိသူများက စက်ရုံတည်ဆောက်နေမှု၊ စက်ပစ္စည်းများထုတ်လုပ်နေမှု၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများနှင့် မြစ်ဖြတ်ပိုင်းလိုင်း တည်ဆောက်နေမှု၊ သဘာဝဓာတ်ငွေ့ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ပေးနေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိ ဖြည့်ဆည်းပေးနိုင်ရန် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို အသွင်သစ်ဖြင့် လည်ပတ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စီမံကိန်းအပိုင်း(၁)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသိန်းချက်လုပ်နိုင်အောင် ဆောင်ရွက်သွား မည်ဖြစ်ပြီး စီမံကိန်းအပိုင်း(၂)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် သုံးသန်းချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံကိုလည်း ဆက်လက်ဆောင်ရွက်သွားနိုင်ရန် ရေတိုရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းတစ်ခုလုံး ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်၏ ထက်ဝက်ခန့်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၌ စက်ရုံတည်ဆောက်မည့် မြေနေရာတွင် Pile Foundation လုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ရုံအတွက်လိုအပ်သည့် သဘာဝဓာတ်ငွေ့များ ထိန်းချုပ်ဖြန့်ဖြူးပေးမည့် သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်း (သန်လျင်)၊ ရေနံစိမ်းနှင့်ရေနံထွက်ပစ္စည်းများ သယ်ယူမည့် ပိုက်လိုင်းတည်ဆောက်ရန် လမ်းအူကြောင်းလျာထားနေရာများ၊ တောင်ဒဂုံ-သန်လျင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ပဲခူးမြစ်ဖြတ်အပိုင်းတွင် Horizontal Directional Drilling စက်ဖြင့် တူးဖောက်ဆက်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အချိန်ကာလတွင် ပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,