စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် လေးစီး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် လေးစီး ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / May 28, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၂၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် လေးစီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

   ဖြစ်စဉ်မှာ မေ ၂၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(စစ်ကိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ စစ်ကိုင်းဘက်သို့ ချမ်းမြသာစည်မြို့နယ်၊ ထားဝယ်ရပ်ကွက်နေ ဦးဆန်းညွန့်ဆွေ(၄၁)နှစ် မောင်းနှင်လာသည့် SGG/RLG-XXXX PRADO မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဆန်းညွန့်ဆွေ အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၁၄၅/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။

    အလားတူ နံနက် ၇ နာရီတွင် စစ်ကိုင်းမြို့နယ်၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(စစ်ကိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ စစ်ကိုင်းဘက်သို့ ချမ်းမြသာစည် မြို့နယ်နေသူများဖြစ်ကြသည့် ဦးဆာအောင်(၆၃)နှစ် မောင်းနှင်ပြီး ဦးမျိုးဆွေ(၃၃)နှစ် လိုက်ပါလာသည့် MDY-15/5C-XXXX TOYOTA HILUX မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဆာအောင်နှင့် မျိုးဆွေတို့ နှစ်ဦးအား စစ်ကိုင်းမြို့မရဲစခန်း (ပ)၁၄၆/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။

    ထို့အတူ ညနေ ၄ နာရီတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ပေါင်းပိန်းစစ်ဆေးရေးဂိတ်၌ ညောင်ရွှေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ခေါင်တိုင်ကျေးရွာ ဘက်မှ ပင်လောင်းမြို့နယ်၊ နန်းဝိုးကျေးရွာနေ ဦးထက်ဝေယံ(၃၅)နှစ် မောင်းနှင်လာသည့် SHN-18/ 2M-XXXX HONDA FIT ယာဉ်နှင့် ပင်းတယမြို့နယ်၊ ရှမ်းကျေးရွာနေ ဦးဇင်ကိုကို(၃၄)နှစ် မောင်းနှင်လာသည့် MDY-9/9P-XXXX HONDA FIT SHUTTLE မော်တော်ယာဉ်တို့အား ရပ်တန့် စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်များနှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ထက်ဝေယံနှင့် ဇင်ကိုကိုတို့ နှစ်ဦးအား ညောင်ရွှေမြို့မရဲစခန်း (ပ)၇၁-၇၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026
AnnouncementsExplore more >

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ

Posted on May 27, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ