စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက် ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများအတွက် ဩဝါဒခံယူ

စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက် ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများအတွက် ဩဝါဒခံယူ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 17, 2025
image_latest


နေပြည်တော် ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းကိစ္စများ ရှင်းလင်းလျှောက်ထားခြင်းနှင့် ဩဝါဒခံယူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး၏ ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရသီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးရုံးချုပ် (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက သီတဂူဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒါစရိယဆရာတော်များထံမှ ပရိတ်တရားတော်များနာယူကြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ဩဝါဒခံယူ

ထို့နောက် ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက Power Point ဖြင့် ရှင်းလင်းလျှောက်ထားကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား စက်ယန္တရားကြီးဖြင့် မြေသို့ပင့်ဆောင်နေမှုကို ကြည့်ရှု၍ စိန်ဖူးတော်ကြီးအား သီတဂူဆရာတော်ကြီးနှင့် ဩဝါဒါစရိယဆရာတော်ကြီးများထံသို့ ဆက်ကပ်ပြီး ငှက်မြတ်နားတော်တွင်ပါရှိသော ရတနာပစ္စည်းများကို တာဝန်ရှိသူများထံ စနစ်တကျ ထိန်းသိမ်းထားရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,