စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ


Ministry of Information/ Naypyitaw / June 23, 2025
image_latest


နေပြည်တော် ဇွန် ၂၂

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ကလေးစာပေတတိယဆုရရှိသည့် စာရေးသူခိုင်ချစ်အောင်၏ “ညီနောင်သုံးဖော်နှင့်ကလေးကဗျာများ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ကဗျာပုဒ်ရေ ၇၉ ပုဒ် ပါဝင်သည်။ ကလေးတို့နှင့်ရင်းနှီးကျွမ်းဝင်လှသော ဝလုံးကလေး၊ နေလုံးကလေး၊ ဖိုးလမင်းကလေးတို့သည် ဝိုင်းဝိုင်းစက်စက်နှင့် ပုံသဏ္ဌာန်ချင်းတူညီလှသဖြင့် ညီအစ်ကိုနောင်ရင်းများဖြစ်ကြသည်။ ညီအစ်ကိုနောင်ရင်းအချင်းချင်း ရင်းနှီးချစ်ခင်စည်းလုံး ကြရမည်ဟူသော နှိုးဆော်တိုက်တွန်းထားသည့် စာအုပ်၏ ခေါင်းစဉ်ကလေးကဗျာလေးကပင် တစ်မျိုးဆန်းသစ်၍ နေပေသည်။ ကလေးတို့ အမြဲတစေတွေ့မြင်နေကျဖြစ်သည့် အသီးအနှံကလေးများ၊ တိရစ္ဆာန်ကလေးများကို တင်စားချက်အမျိုးမျိုးဖြင့် ဖွဲ့ဆိုထားသောကဗျာလေးများ၊ စိတ်နေသဘောထား လိမ္မာယဉ်ကျေးလာစေရေးအတွက်ဖွဲ့ဆိုသော ကဗျာများ၊ နိုင်ငံတော်၏ ရေမြေတောတောင် သဘာဝအလှအပကို ဖွဲ့ဆိုထားသောကဗျာများ အစရှိသည်ဖြင့် အကြောင်းအရာစုံလင်သော ကလေးကဗျာစာအုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေးကျပ် ၂၅ဝဝ ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင်ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင်ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
AnnouncementsExplore more >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,