ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွပ်တွင် မဟာပဋ္ဌာန်းပူဇော်ပွဲ ကျင်းပပြုလုပ်ရန် အစည်းအဝေးကျင်းပနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့လာရောက်ပစ်ခတ်

ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွပ်တွင် မဟာပဋ္ဌာန်းပူဇော်ပွဲ ကျင်းပပြုလုပ်ရန် အစည်းအဝေးကျင်းပနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့လာရောက်ပစ်ခတ်


Ministry of Information/ Naypyitaw / June 02, 2025
image_latest


နေပြည်တော် ဇွန် ၂

NUG, CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများနှင့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အစိုးရဝန်ထမ်းများ၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့အရပ်သားပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်၍ အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် ကျူးလွန်လျက်ရှိသည်။

ထိုသို့ ကျူးလွန်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ဓမ္မာရုံ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်အပါအဝင် ရပ်မိရပ်ဖများသည် မဟာပဋ္ဌာန်းပူဇော်ပွဲ ကျင်းပပြုလုပ်ရန် အစည်းအဝေးပြုလုပ်နေစဉ် ဇွန်လ ၁ ရက်နေ့ညနေပိုင်းက PDF အမည်ခံ အကြမ်းဖက်သမား ၁၅ ဦးခန့်သည် လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့သဖြင့် ဦးမြင့်ဇော် အပါအဝင် ရပ်မိရပ်ဖ ၇ ဦး သေဆုံးခဲ့ပြီး ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ သေဆုံး၊ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဘာသာသာသနာရေးအတွက် ဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ရပ်မိရပ်ဖများအား လူသားမဆန်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးအရေးယူဖော်ထုတ်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
AnnouncementsExplore more >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,