ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ရုံးများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေး

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ရုံးများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေး


Ministry of Information/ Naypyitaw / May 10, 2025
image_latest


မန္တလေး မေ ၉

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ရုံးများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ပထမဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ (၁)၊ ဘဏ်ခွဲ (၂) နှင့် ဘဏ်ခွဲ (၃)၊ မန္တလေးတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဗဟိုစာရင်းအင်းအဖွဲ့ရုံးများသို့ သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ကြည့်ရှုစစ်ဆေးကာ ပြုပြင်နိုင်ရေးကိစ္စများကို ညှိနှိုင်းဆောင်ရွက်ပေး သည်။

ဆက်လက်၍ ကျောက်ဆည် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၊ ပျော်ဘွယ်မြို့ မြန်မာ့စီးပွားရေးဘဏ်နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံး၊ ရမည်းသင်းမြို့ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ခရီးစဉ်တစ်လျှောက်ရှိ ရုံးများမှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အားလျော်စွာ မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရေး၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ အထက်အောက် အဆင့်ဆင့်ထိတွေ့ပြီး တွေ့ကြုံနေရသော အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ရေး၊ နိုင်ငံတော်က ဝန်ထမ်းများ အပေါ်ထားရှိသည့် စိတ်စေတနာများကို ဝန်ထမ်းတိုင်း သဘောပေါက်နားလည်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ကြရေးတို့ကို မှာကြားသည်။ ယင်းနောက် ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများနှင့် မိသားစုဝင်များသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံရုံး၊ ဌာနများအနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို အမြန် ပြုပြင်ခြင်း၊ အကြီးစားပြုပြင်မှုများကို စနစ်တကျ ဆက်လက်ဆောင်ရွက်ရန် ပြင်ဆင်ခြင်းလုပ်ငန်း များ လုပ်ဆောင်လျက်ရှိပြီး မိမိတို့၏ မူလတာဝန်များနှင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းများအပါအဝင် ပြည်သူအကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
AnnouncementsExplore more >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,