ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)တို့အား ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)တို့အား ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 03, 2025
image_latest


ရန်ကုန် ဇွန် ၂

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများနှင့် ဌာနတာဝန်ခံများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူလူထုအတွက် အထောက်အကူရရှိစေမည့် အာမခံအကာအကွယ် လုပ်ငန်းများဖြစ်စေရေး၊ မန္တလေးငလျင်ကြီးကြောင့် အစိုးရနှင့် ပုဂ္ဂလိကတို့က ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် အာမခံလျော်ကြေးများ စနစ်တကျနှင့် မြန်ဆန်စွာတွက်ချက်ထုတ်ပေးနိုင်ရေး၊ အရာထမ်း၊ အမှုထမ်းများ အားလုံးစည်းလုံးညီညွတ်စွာဖြင့် ပြည်သူလူထုက ယုံကြည်အားကိုးသည့် မြန်မာ့အာမခံလုပ်ငန်းဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အာမခံလုပ်ငန်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနက လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)သို့ ရောက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ခရိုင်နှင့်မြို့နယ် ချေးငွေအကြံပေးအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်၍ ကြွေးကျန်များပြန်လည်ရရှိရေးအတွက် စီမံချက်ချမှတ်ဆောင်ရွက်ရေး၊ မလိုလားအပ်သော အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်အမှုအခင်းများ ကျဆင်းပပျောက်ရေးအတွက် ဝိုင်းဝန်းကြပ်မတ်ထိန်းသိမ်းရေး၊ တောင်သူများအတွက် အထောက်အကူပြုသည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို စနစ်တကျဆောင်ရွက်ရေး မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်သည်များကို မှာကြားကာ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,