ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် Naypyitaw State Academy နှင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလေ့လာနေမှု လှည့်လည်ကြည့်ရှု
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် Naypyitaw State Academy နှင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလေ့လာနေမှု လှည့်လည်ကြည့်ရှု
Ministry of Information/ Naypyitaw / June 20, 2025

နေပြည်တော် ဇွန် ၁၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ၌ ဆေးပညာမဟာဌာနမှ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြီး လက်တွေ့ခန်းများ၌ လက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် Naypyitaw State Academy နှင့် နေပြည်တော် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ယူလေ့လာနေမှုနှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု ၍ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံနှုတ်ဆက်ကာ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက် သည့် လူငယ်များဖြစ်လာအောင် ကြိုးစားအားထုတ်ကြရန်နှင့် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်လေ့ကျင့်ထားကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)
Posted on Jun 20, 2025Myanmar National Human Rights Commission Statement (6/ 2025)
Posted on Jun 20, 2025မြန်မာနိုင်ငံပြန်တမ်း
Posted on Jun 20, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။