ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ငမိုးရိပ်ရေလှောင်တမံနှင့် အလိုင်နီရေလှောင်တမံ ကြံ့ခိုင်မှု၊ ရေဝင်ရောက်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ငမိုးရိပ်ရေလှောင်တမံနှင့် အလိုင်နီရေလှောင်တမံ ကြံ့ခိုင်မှု၊ ရေဝင်ရောက်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / June 25, 2025
image_latest


နေပြည်တော် ဇွန် ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ဇွန် ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာအနီးရှိ ငမိုးရိပ်ရေလှောင်တမံနှင့် ရေပိုလွှဲကြံ့ခိုင်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆွေးနွေးမှာကြား

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ယခုနှစ်မိုးရာသီကာလအတွင်း ထူးကဲမိုးရေချိန်များဖြင့် ရွာသွန်းပြီး ကန်ရေမှတ်များ အချိန်တိုအတွင်း မြင့်တက်လာသည့် အခြေအနေများဖြစ်ပေါ်လာလျှင် ဌာနမှရေးဆွဲထားပြီးဖြစ်သည့် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုဆိုင်ရာစီမံချက်ပါ လုပ်ငန်းစဉ်များအတိုင်း ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ပေါင်းစပ် ကြီးကြပ်စီမံဆောင်ရွက်ပြီး အချိန်နှင့်တစ်ပြေးညီတင်ပြရန်နှင့် ရေလှောင်တမံကြံ့ခိုင်မှု အခြေအနေများကို အစဉ်အမြဲ စောင့်ကြည့်သွားကြရန် ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး သည် ပဲခူးတိုင်းဒေသကြီး ပဲခူး မြို့နယ်ရှိ အလိုင်နီရေလှောင်တမံ သို့ရောက်ရှိပြီး သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်မှုများလျော့ပါးသက်သာစေမည့် အစီအမံများ ဆောင်ရွက်ထားရှိမှုနှင့် ရေပိုလွှဲအသစ် ထည့်သွင်းတည်ဆောက်ရန် လိုအပ်နေသည့် အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဇလဗေဒဆိုင်ရာ ထည့်သွင်းစဉ်းစားရန် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။

လက်ရှိတွင် အလိုင်နီရေလှောင်တမံ၌ ရေပိုလွှဲထည့်သွင်း တည်ဆောက်ထားခြင်းမရှိဘဲ ပိုလျှံရေများကို ဆက်သွယ်မြောင်း (Link Channel) မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ လဂွမ်းပြင် ရေလှောင်တမံထဲသို့ စီးဝင်စေလျက်ရှိပြီး လဂွမ်းပြင်ရေလှောင်တမံ၏ ရေပိုလွှဲမှတစ်ဆင့် လဂွမ်းပြင်ချောင်းအတွင်း သို့ စီးထွက်စေခြင်းဖြစ်သည်။ ပြောင်းလဲလာသော ရာသီဥတုဖြစ်စဉ်များအရ အလိုင်နီရေလှောင် တမံတွင်ရေကြီး ရေလျှံမှုအရေးပေါ်အခြေအနေ၌ တမံရေရှည် ကြံ့ခိုင်မှုရှိစေရေးအတွက် ရေပိုလွှဲအသစ် ထည့်သွင်းတည်ဆောက် နိုင်ရေး တမံတစ်ခုချင်းစီ၏ နှစ်စဉ်ရေဝင်ရောက်မှု အခြေအနေနှင့် ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများအပေါ်အခြေခံ၍ ဒီဇိုင်းပြုရေးဆွဲလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
AnnouncementsExplore more >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,