ဒုတိယဝန်ကြီး ဦးမြင့်စိုး ဖျာပုံခရိုင်နှင့် မအူပင်ခရိုင် စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် အထွက်တိုးမျိုးစပါး၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာများ ပေးအပ်

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဖျာပုံခရိုင်နှင့် မအူပင်ခရိုင် စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် အထွက်တိုးမျိုးစပါး၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာများ ပေးအပ်


Ministry of Information/ Naypyitaw / June 20, 2025
image_latest


နေပြည်တော် ဇွန် ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်လယ်ကိုင်းကျေးရွာသို့ သွားရောက်၍ အပ်ချုပ်နည်းပညာသင်တန်းနှင့် ဆိုင်ကယ်ပြင်သင်တန်း တက်ရောက်အောင်မြင်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်နေသည့် ဒေါ်နွယ်နွယ်ဝင်း၏ နွယ်နွယ်ဝင်းအပ်ချုပ်လုပ်ငန်းနှင့် ဒေါ်ယမင်းခိုင်၏ မေမြင့်မိုရ်အပ် ချုပ်လုပ်ငန်းတို့ကိုလည်းကောင်း၊ ကိုသိန်းသန်းနှင့် ကိုဖြိုးတို့၏ ဆိုင်ကယ်ပြင်လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် မအူပင်မြို့ တိုးရွှေဝါခန်းမတွင် ဖျာပုံခရိုင်နှင့် မအူပင်ခရိုင် မြို့နယ် ရှစ်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း ၃၃ သင်းအတွက် ငွေကျပ် ၂၇၅၂ သန်း တန်ဖိုးရှိ အထွက်တိုး မျိုးစပါး၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သမဝါယမဦးစီး ဌာနနှင့် သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများက အထွက်တိုးမျိုးစပါးများဖြစ်သော GW-11 ဆာဖိုး သာ၊ နယူးဧရာ၊ မှော်ဘီ-၃ မျိုးများ၊ သွင်းအားစုများ၊ မျိုးစေ့ချကိရိယာ (Drum Seeder) များ ပေးအပ်ခဲ့ကြရာ မြို့နယ်အလိုက် အသင်းအမှုဆောင်များက လက်ခံရယူကြပြီး အသင်းသားတောင်သူများ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာ (Smart Village)သို့ သွားရောက်၍ ကျေးရွာဓမ္မာရုံတွင် ကျေးရွာသူကျေးရွာ သားများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာအတွက် စီမံကိန်းကာလ ငါးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ခေတ်မီစံပြကျေးရွာ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်အညီ မြို့နယ်အတွင်းရှိ အခြားကျေးရွာများထက် ထူးခြားသာလွန်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ခေတ်မီစံပြကျေးရွာအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုစီမံကိန်းရန်ပုံငွေကျပ်သိန်း ၂၀၀ ကို ပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံရယူပြီး ကျေးရွာသူ ကျေးရွာသားများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံပြန်တမ်း

Posted on Jun 20, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

HOT NEWS
January 4,