ဒုတိယဝန်ကြီး ဦးမြင့်စိုး မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် အထွက်တိုးစပါးမျိုးနှင့် သွင်းအားစုများ ပေးအပ်
ဒုတိယဝန်ကြီး ဦးမြင့်စိုး မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် အထွက်တိုးစပါးမျိုးနှင့် သွင်းအားစုများ ပေးအပ်
Ministry of Information/ Naypyitaw / June 21, 2025

နေပြည်တော် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း ၁၄ သင်းနှင့် လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း ရှစ်သင်းတို့အတွက် ငွေကျပ်သန်းပေါင်း ၁၅၁၈ သန်း တန်ဖိုးရှိ အထွက်တိုးစပါးမျိုးများ၊ သွင်းအားစုများ၊ မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လပွတ္တာမြို့ရွေးနဒီခန်းမ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ သမဝါယမအသင်းသား တောင်သူများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ သမဝါယမဦးစီးဌာနတိုင်းဦးစီးမှူးက မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်း မိုးစပါးစိုက်ပျိုးမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးက အမှာ စကားပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အထွက်တိုး မျိုးစပါးများဖြစ်သော GW-11 ဆာဖိုးသာ၊ နယူးဧရာ၊ အောင်နိုင်တိုးမျိုးများ၊ သွင်းအားစုများ၊ မျိုးစေ့ချကိရိယာ (Drum Seeder)များပေးအပ်ကြရာ မြို့နယ်အလိုက် အသင်းအမှုဆောင်များက လက်ခံရယူကြပြီး အသင်းသားတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ ပန်းတနော်မြို့နယ် ကျုံပတောကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော ပေ ၁၈၀ ကျုံပတောချောင်းကူး တံတား၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် သိမ်ကုန်း-ချောင်းကလေးလမ်းနှင့် ဝါးခယ်မမြို့နယ်ကြခတ်ကုန်းကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာအဝင်သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် မရမ်းချောင်ကျေးရွာ၌ တိုးပွားအောင်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ဒေါ်ဌေးဝင်း၏ လယ်မြေငါးဧကတွင် စိုက်ပျိုးရေးဦးစီးဌာနက ထုတ်လုပ်ထားသော အစေ့ချကိရိယာဖြင့် အောင်နိုင်တိုးအထွက်တိုးမျိုးစပါးမျိုးစေ့ချနေမှုကို ကြည့်ရှုအားပေးပြီး သဲကုန်း၊ ကြံခတ်ကုန်း၊ သံကွင်းကျေးရွာအုပ်စုများမှ သမဝါယမအသင်းသား တောင်သူများအတွက် အောင်နိုင်တိုး အထွက်တိုးမျိုးစပါးများ ပေးအပ်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၌ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ အမှာစကားပြောကြားပြီး သုံးထပ်သင်တန်းသား အိပ်ဆောင်သစ်တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)
Posted on Jun 20, 2025Myanmar National Human Rights Commission Statement (6/ 2025)
Posted on Jun 20, 2025မြန်မာနိုင်ငံပြန်တမ်း
Posted on Jun 20, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။