ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / May 23, 2026
image_latest


နေပြည်တော် မေ ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် “ကျောင်းအပ်နှံရေးသီတင်းပတ်” အတွင်း ကျောင်းအပ်နှံရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး သီရိရတနာခန်းမနှင့် စာသင်ခန်းများတွင် “ကျောင်းအပ်နှံရေး သီတင်းပတ်” အတွင်း ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး စနစ်တကျစီမံထားရှိမှု၊ အခမဲ့ထောက်ပံ့ပေးသွားမည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ စာရေးကိရိယာများ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများ ပြင်ဆင်ထားရှိမှု၊ စာကြည့်တိုက်နှင့် အသစ်ဖွင့်လှစ်မည့် ဖူဆယ်ကွင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာတွင် စိတ်ချမ်းမြေ့စွာသင်ယူနိုင်ရန်နှင့် စာကြည့်တိုက်တွင် စာပေဖတ်ရှုလေ့လာသည့် အလေ့အထကောင်းများရှိစေရေး ဆောင်ရွက်သွားရန်၊ ဘာသာရပ်အလိုက် ဆရာ ဆရာမများ တာဝန်ချထားမှုနှင့် စာသင်ချိန်ဇယားများ စနစ်တကျရေးဆွဲပြင်ဆင်ထားရှိရန်၊ ကာယအချိန်တွင် ကျောင်းသား ကျောင်းသူများ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်နှင့် အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်တတ်စေရေး လေ့ကျင့်သင်ကြားပေးရန်၊ မိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရန်၊ ကျောင်းကြို/ ပို့ယာဉ်များ စနစ်တကျစီစဉ်ထားရှိရန် မှာကြားသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပညာ့ဗိမာန်ခန်းမနှင့် စာသင်ခန်းများတွင် ကျောင်းအပ်နှံနိုင်ရေးနှင့် အခမဲ့ထောက်ပံ့ပေးမည့် ပစ္စည်းများပြင်ဆင်ထားရှိမှု၊ သင်ကြားသင်ယူမှုအထောက်အကူပြုပစ္စည်းများ ပြင်ဆင်ထားရှိမှု၊ ပညာ့ဘဏ်စာကြည့်တိုက်နှင့် ကျောင်းဘုရားခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ အသိပညာ၊ အတတ်ပညာတတ်မြောက်ရေးသာမက ကိုယ်ကျင့်တရားကောင်းမွန်ပြီး တာဝန်သိ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ရှိသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ပျိုးထောင်ပေးကြရန်၊ ဗလငါးတန်နှင့် ပြည့်စုံပြီး အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရန် မှာကြားသည်။

ယင်းနောက် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သို့ ရောက်ရှိပြီး ကျောင်းအပ်နှံနိုင်ရေးနှင့် အခမဲ့ထောက်ပံ့ပေးမည့် ပစ္စည်းများ စနစ်တကျပြင်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျရာကဏ္ဍမှ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

အခမဲ့ထောက်ပံ့

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရေးကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ စနေ၊ တနင်္ဂနွေအပါအဝင် ပိတ်ရက်မရှိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့်အတွက် သင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ လေးချောင်းနှင့် ကျောင်းဝတ်စုံ တစ်စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံနှစ်ချောင်းနှင့် ဘောပင် နှစ်ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်သွားမည့်အပြင် အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ်သောကြောင့် ကျောင်းဝင်ကြေးနှင့် အခြားမည်သည့်ကြေးမျှပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံနိုင်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026
AnnouncementsExplore more >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ