နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် အိုလံပစ်နေ့အထိမ်းအမှတ် Skateboard နှင့် Fixed gear bike စက်ဘီးအားကစားပြိုင်ပွဲ တက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် အိုလံပစ်နေ့အထိမ်းအမှတ် Skateboard နှင့် Fixed gear bike စက်ဘီးအားကစားပြိုင်ပွဲ တက်ရောက်
Ministry of Information/ Naypyitaw / June 22, 2025

နေပြည်တော် ဇွန် ၂၁
နေပြည်တော်စိမ်းလမ်းစိုပြည်စေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဘုရားဝင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး သတ်မှတ်နေရာ၌ ကံ့ကော်ပင်ကို စတင်စိုက်ပျိုးပေးကာ တက်ရောက်လာကြသူများက သတ်မှတ်နေရာများ၌ ကံ့ကော်ပင် ၇၃၅ ပင်ကို အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ရေပန်းဥယျာဉ်၌ ၂၀၂၅ ခုနှစ် ဇွန် ၂၃ ရက်တွင် ကျရောက်မည့် ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ်နှင့် နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် Skateboard နှင့် Fixed gear bike စက်ဘီးအားကစားပြိုင်ပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဇမ္ဗူသီရိမြို့နယ် အမှတ်-၅ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်-၂၂ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနေမှုများကိုလည်းကောင်း၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများ ပြန်လည်ဆောက်လုပ်မည့် မြေနေရာကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် မြို့ပတ်လမ်းဘေးသစ်ပင်များ စိုက်ပျိုးထားရှိမှုနှင့် ဆင်သေချောင်းတစ်လျှောက် သီးနှံများစိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိဆေးရုံ (ပင်လုံ) ၌ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရာဇသင်္ဂဟအိမ်ရာ-၂၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော တောင်ကြီးလမ်းပိုင်း ပြန်လည်ပြုပြင်နေမှုနှင့် စက်စက်ယိုချောင်းပြန်လည်တူးဖော်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)
အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်
Posted on Jun 23, 2025၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)
Posted on Jun 20, 2025Myanmar National Human Rights Commission Statement (6/ 2025)
Posted on Jun 20, 2025