ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန်ပတ်ဝန်းကျင် အထူးစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန်ပတ်ဝန်းကျင် အထူးစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / April 29, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၈-၄-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ရှိ အင်ပြင်ပျိုးဥယျာဉ်သို့သွားရောက်၍ ရှင်းလင်းဆောင်တွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကလောမြို့အား ထင်းရှူးမြို့တော်ဖြစ်စေရေး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်နှင့် အင်လေးကန်ပတ်ဝန်းကျင် ရေဝေရေလဲဒေသများ အထူးစိမ်းလန်းစိုပြည်ရေး စီမံချက်များရေးဆွဲ ဆောင်ရွက်သွားရန်မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ထို့နောက် ၂၀၂၄ ခုနှစ် ကလောမြို့ ရေကြီးရေလျှံမှုကြောင့် ရေတိုက်စားပျက်စီးသွားသော အင်ပြင်ပျိုးဥယျာဉ်အား ပြင်လည်ပြုပြင်ထားမှု အခြေအနေနှင့် ပျိုးဥယျာဉ်အတွင်း ပျိုးပင် ၆၁,၀၀၀ ကျော် ပျိုးထောင်ထားရှိမှု အခြေအနေအား ကြည့်ရှု စစ်ဆေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အောင်ပန်းမြို့၊ ပေါတုတ်ကျေးရွာအနီးသို့ သွားရောက်၍ အောင်ပန်းနှင့် အင်းလေးကန်ကြားရှိ တောင်ကုန်းတောင်တန်းများ စိမ်းလန်းစိုပြည်စေရေးအတွက် စိုက်ခင်းတည်ထောင်မည့် မြေနေရာ ၁၆ ဧကအတွင်း ယခုနှစ်မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရန် ပန္နက်ရိုက်၊ ကျင်းတူးဆောင်ရွက်ထားမှုအခြေအနေနှင့် ပေါတုတ်ကျေးရွာအနီး တောင်ကုန်းတောင်တန်းများ စိမ်းလန်းစိုပြည်စေရေးအတွက် သစ်စေ့ ဆူးထိုးစိုက်ပျိုးမည့် မြေနေရာ ၂၄၄ ဧက ရွေးချယ်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အင်းလေးကန်ပတ်ဝန်းရှိ တောင်ကုန်းတောင်တန်းများ စိမ်းလန်းစိုပြည်စေရေးအတွက် ရေရှည်စီမံချက်ရေဆွဲပြီး ဆောင်ရွက်သွားရန်၊ သစ်တောမြေပြင်ပနေရာများတွင် သက်ဆိုင်ရာဌာန၊ ဒေသခံများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားရန်၊ ဒေသခံများအား သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်ပြီး သစ်တောပြုစုထိန်းသိမ်းခြင်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်‌ ဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အောင်ပန်းမြို့၊ ညောင်ကုန်းကျေးရွာအနီး စိမ်းလန်းစိုပြည်ရေး စိုက်ခင်းတည်ထောင်မည့် မြေနေရာ ၅ ဧကသို့ သွားရောက်၍ ပန္နက်ရိုက်၊ ကျင်းတူး ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး  စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းစဉ်များ အချိန်မီပြီးအောင် ဆောင်ရွက်သွားရန် မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာ ဟိုတယ်ဇုံသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အင်လေးကန်အတွင်းရှိ နေအိမ်နှင့် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးအတွက် မြန်မာ့သစ်လုပ်ငန်းမှ သစ်ခွဲသားများ ရောက်ရှိစုပုံထားမှုနှင့် ခွဲဝေပေးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သစ်မျိုးအလိုက် သစ်ခွဲသားများရောက်ရှိမှု၊ ခွဲဝေဖြန့်ဖြူးပြီးစီးမှုနှင့် လက်ကျန်ကျန်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
AnnouncementsExplore more >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,