ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြည်တွင်းဘိလပ်မြေစက်ရုံများနှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြည်တွင်းဘိလပ်မြေစက်ရုံများနှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / June 09, 2025
image_latest


နေပြည်တော် ဇွန် ၈

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ဘိလပ်မြေထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ စက်ရုံမှထုတ်လုပ်လျက်ရှိသည့် ဘိလပ်မြေများ စမ်းသပ်စစ်ဆေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ လိုအပ်သော စက်အရန်ပစ္စည်းများနှင့် သွင်းအားစုများကို ကြိုတင်စုဆောင်းထားရန်နှင့် စက်ရုံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ် ပြည်ညောင်ရှိ အပါချီဘိလပ်မြေစက်ရုံ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး စက်ရုံအနေဖြင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နေပြီး ပိုလျှံလျှပ်စစ်ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားပေးစနစ်သို့ ပို့လွှတ်နေသည့်အတွက် နိုင်ငံတော်အတွက် များစွာအကျိုးရှိသဖြင့် အလေးထားဆောင်ရွက်ရန်မှာကြားပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှု၊ စက်ရုံအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

ယမန်နေ့ နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အတူ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ၌ စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) နှင့် ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်လည်းကောင်း၊ စက်ရုံမှူး၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူး၊ အလုပ်ရုံတာဝန်ခံများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် လူနေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လမ်း၊ တံတား၊ သာသနိကအဆောက်အအုံများ များစွာပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် သံ၊ သံမဏိများ ထုတ်လုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် သံစိမ်းကုန်ကြမ်းများ အရေးကြီးလိုအပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့် သံမဏိများ အသုံးပြုနိုင်ရေးအတွက် သံစိမ်းထုတ်လုပ်ခြင်းလုပ်ငန်းများ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Air Separation plant တွင် တပ်ဆင်ထားသည့် စက်ပစ္စည်းကိရိယာများအား ပြည်ပကျွမ်းကျင်ပညာရှင်များနှင့် စက်ရုံမှကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ စစ်ဆေးပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
AnnouncementsExplore more >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,