ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / June 22, 2025

နေပြည်တော် ဇွန် ၂၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းခွဲစာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ကျစာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ ဆရာမများ စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျဆောင်ရွက်နေမှုများနှင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က-၃) နှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲအေးချမ်းစွာဖြေဆိုနေမှုနှင့် ကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယနေ့ကျင်းပသည့် စာမေးပွဲတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ စာစစ်ဌာန စုစုပေါင်း ၄၇ ခု၌ စာမေးပွဲဖြေဆိုရန် စာရင်းရှိဦးရေ စုစုပေါင်း ၁၂၅၃၁ ဦးရှိပြီး ဖြေဆိုသူ ၁၂၄၀၆ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၉ ဒသမ ၀၀ ရာခိုင်နှုန်း ဖြေဆိုကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ၂၉ ခရိုင်၊ ၅၈ မြို့နယ်တို့တွင် စာစစ်ဌာနစုစုပေါင်း ၁၉၅ ခု တို့၌ စာမေးပွဲဖြေဆိုရန် စာရင်းရှိဦးရေ ၆၃၆၇၃ ဦးရှိပြီး ဖြေဆိုသူ ၆၂၇၈၈ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသ ၆၁ ရာခိုင်နှုန်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်
Posted on Jun 23, 2025၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)
Posted on Jun 20, 2025Myanmar National Human Rights Commission Statement (6/ 2025)
Posted on Jun 20, 2025