ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု
Ministry of Information/ Naypyitaw / May 21, 2026
နေပြည်တော် မေ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းနှင့်ဒုတိယဝန်ကြီး ဦးသိုက်စိုးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သော်မှော်ကုန်း စံပြကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုသည်။
ဦးစွာ သော်မှော်ကုန်းစံပြ ကျေးရွာဘက်စုံသုံးခန်းမ၌ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေးပြီး ကျေးရွာအတွင်း ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း လမ်းတံတားလုပ်ငန်းများ၊ ကျေးရွာရေရရှိရေး၊ ကျေးရွာစာကြည့်တိုက်နှင့် ICT စင်တာ ဆောင်ရွက်ထားရှိမှု၊ နို့စားနွား မွေးမြူရေးလုပ်ငန်း၊ အစုအဖွဲ့နှင့် တစ်နိုင်တစ်ပိုင် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကျွန်းကုန်းကျေးရွာ ဘက်စုံသုံးခန်းမ၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်လျက်ရှိသော အခြေခံအပ်ချုပ်စက်သင်တန်းမှ သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
