ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်နှင့် ဟံသာဝတီမြို့ဟောင်း ပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားရှိမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်နှင့် ဟံသာဝတီမြို့ဟောင်း ပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားရှိမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 22, 2026
နေပြည်တော် မေ ၂၁
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယမန်နေ့က ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်နှင့် ဟံသာဝတီ မြို့ရိုး၊ ကျုံးပြန်လည်ဖော်ထုတ် ထိန်းသိမ်းထားမှုကို ကြည့်ရှုစစ်ဆေးပြီး အများပြည်သူကြည့်ရှုနားလည်နိုင်စေရန် ကျွန်းတိုင်များအနီးတွင် ကျွန်းတိုင်ရရှိပုံ၊ မူလအနေအထားရှင်းလင်းချက်စာသားများထားရှိရန် မှာကြားသည်။
ထို့နောက် လက်ဝဲဝင်းဆောင်၊ လက်ယာဝင်းဆောင်တွင် ပြသထားသော Panel Board ရှိ ရှင်းလင်းဖော်ပြချက်များ၊ မြေနန်းပြာသာဒ်ဆောင်ရှိ သီဟာသနပလ္လင်နှင့် မင်းခမ်းတော်ပစ္စည်းများ၊ လက်ယာဝင်းဆောင်တွင် ပြသထားသော နန်းတော်ကျွန်းတိုင်များ၊ မုတ္တမစဉ့်အိုးကြီးတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဟံသာဝတီမြို့ဟောင်း အရှေ့ဘက်မြို့ရိုး အင်းဝတံခါးမြို့ရိုးနှင့် ကျုံးကြားနေရာများတွင် ပြည်သူများအနားယူအပန်းဖြေနိုင်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပြည်သူများ တွေ့မြင်သိရှိပြီး ဂုဏ်ယူမြတ်နိုး တန်ဖိုးထားတတ်စေရန်ရှင်းလင်းချက်များ ရေးသားထားရန်ဆွေးနွေးပြီး ဖော်ထုတ်ထိန်းသိမ်းထားသောနေရာများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြောက်ဘက်မြို့ရိုး တံခါးပေါက် (၅) ပေါက်အနက် မုတ္တမတံခါးကို ကြည့်ရှုစစ်ဆေးပြီး ကျုံးကူးတံတားတည်ရှိခဲ့မှု သမိုင်းအထောက်အထားများ ရှာဖွေလေ့လာဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
