ပြန်ကြားရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ


Ministry of Information/ Naypyitaw / June 24, 2025
image_latest


နေပြည်တော် ဇွန် ၂၃

ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲတို့ကို ယနေ့နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝင်းအတွင်း ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပူနွေးကမ္ဘာ တားဆီးရာ- ဖြေရှာတစ်ခု တောပြုစုဆိုသည့်အတိုင်း ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရန် သစ်တောများ၏အရေးပါမှုကို သိရှိနားလည်ပြီး စိုက်ပျိုးသည့်သစ်ပင်များ ရှင်သန်စေရန်အတွက် စဉ်ဆက်မပြတ် ပြုစုပျိုးထောင် ထိန်းသိမ်းပေးကြရန်နှင့် ရှိပြီးဖြစ်သည့် သဘာဝတောကျန် သစ်ပင်များကိုလည်း အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် ဌာနဆိုင်ရာများအလိုက် ပျိုးပင်များကို ခွဲဝေပေးအပ်ရာ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များကို သစ်တောဦးစီးဌာန နေပြည်တော် ဥတ္တရသီရိခရိုင် ဦးစီးမှူး ဦးကျော်ကျော်အောင်က လွှဲပြောင်းပေးအပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လက်ခံရယူပြီး စိုက်ပျိုးကြမည့် ဝန်ထမ်းများ အား ဆက်လက်ခွဲဝေပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီးတို့က ကံ့ကော်ပင်ကို စိုက်ပျိုး ပေးကြသည်။

ဆက်လက်၍ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုများက သစ်ပင်၊ ပျိုးပင်များကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်း စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံး အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများသို့ ရေဖြန့် ဝေပေးနေသည့် ရေဂါလန် ၁၅၀၀၀၀ ဆံ့ ရေစုကန်ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ၂၀၂၅ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ငါးကန်တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ငါးမျိုးများကို ဦးစွာ စိုက်ထည့်ပေးကြပြီး တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုများက ငါးမျိုးများကို ဆက်လက် စိုက်ထည့်ပေးကြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဆိတ် ၁၇၅ ကောင် မွေးမြူထားရှိမှုနှင့် ဘဲ ၃၆၆ ကောင် မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်က ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်၊ ပျိုးပင် ၁၆၀၀ ၊ ၂၀၂၃ ခုနှစ်တွင် သစ်ပင်၊ ပျိုးပင် ၁၄၀၀ နှင့် စိန် တစ်လုံး သရက်ပျိုးပင် ၆၂၅ ပင်၊ ၂၀၂၄ ခုနှစ်က သစ်ပင်၊ ပျိုးပင် ၁၅၀၀ နှင့် စိန်တစ်လုံးသရက် ပင် ၅၀၀ စိုက်ပျိုးခဲ့ကြပြီး ယနေ့ ကျင်းပသည့် စတုတ္ထအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်/ ပျိုးပင် ၁၅၀၀ နှင့် စိန်တစ်လုံး သရက်ပင် ၅၀၀ စိုက်ပျိုးမှုနှင့်အတူ ငါးမြစ်ချင်းကောင်ရေ ၂၅၀၀ နှင့် ထိုင်းငါးခုံးမ သားပေါက်ကောင်ရေ ၂၅၀၀ စိုက်ထည့်ပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပင်မအဆောက်အအုံတွင် စက်မှုဌာနခွဲမှ အင်ဂျင်နီယာဝန်ထမ်းများအတွက် တစ်လကြာ ဖွင့်လှစ်သည့် Advanced Course for Broadcasting Training သင်တန်း ဖွင့်လှစ်လေ့ကျင့်မှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ Conference Room တွင် Elevate ကုမ္ပဏီမှ CEO က MRTV ရုပ်သံလိုင်းများအား Internet Over the Top (OTT) ထုတ်လွှင့်ရာတွင် Content Distribution Network အရေးပါ အသုံးပြုမှုနှင့် AI နည်းပညာဖြင့် ရုပ်/သံထုတ်လုပ်တင်ဆက်ခြင်းဆိုင်ရာများ ရှင်းလင်းပြသမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် News Studio-2 တွင် MRTV HD Channel မှ နေ့စဉ် ည ၇ နာရီနှင့် နောက်တစ်နေ့ နံနက် ၉ နာရီတို့တွင် ထုတ်လွှင့်လျက်ရှိသည့် “မေးမြန်းဖြေကြား ပြည်သူ့အတွက် သတင်းစကား” အစီအစဉ် ရိုက်ကူးနေမှုကို ကြည့်ရှုအားပေးပြီး Online တွင် ပျံ့နှံ့ နေသည့် မဟုတ်မမှန်သတင်းများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများထံ အလျင်အမြန် ဆက်သွယ်မေးမြန်းပြီး သတင်းမှန်ပြန်ကြားခြင်းကဏ္ဍကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

သတင်းစဉ် 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
AnnouncementsExplore more >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,