မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့် ဆယ်စုနှစ်များစွာအထိ ကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေး ကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် အဆွေတော်နှင့်အတူ ဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန်မျှော်လင့်

မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့် ဆယ်စုနှစ်များစွာအထိ ကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေး ကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် အဆွေတော်နှင့်အတူ ဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန်မျှော်လင့်


Ministry of Information/ Naypyitaw / June 08, 2025
image_latest


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးစတင်ထူထောင်ခဲ့ချိန်မှစ၍ (၇၅)နှစ်တာကာလအတွင်း နှစ်နိုင်ငံအကြားရှိ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးသည် စိန်ခေါ်မှုများကြားမှပင် ပိုမိုရှင်သန်ခိုင်မာလာခဲ့

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်

၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်တွင် ကျရောက်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး(၇၅) နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် နှစ်နိုင်ငံနိုင်ငံတော်အကြီးအကဲများအကြား သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြပါသည်။ အဆိုပါသဝဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ထံ

ပေးပို့သည့် သဝဏ်လွှာ

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်

အဆွေတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှု(၇၅)နှစ်ပြည့်မြောက်သည့်အခါသမယတွင် မြန်မာပြည်သူများ ကိုယ်စားသော်လည်းကောင်း၊ မိမိအနေဖြင့်သော်လည်းကောင်း ဝမ်းမြောက်ဂုဏ်ယူစွာ နှုတ်ခွန်းဆက်သလျက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။  

လွန်ခဲ့သည့်(၇၅)နှစ်တာကာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးခင်မင်မှုတို့ဖြင့် ထူးခြားသည့် သွင်ပြင်လက္ခဏာရှိခဲ့ပါသည်။                                     

ယင်းသို့သော ချစ်ကြည်ရင်းနှီးမှုများမှာ နှစ်ဖက်အစိုးရများ အဆက်ဆက်၏ပြုစုပျိုးထောင်မှုဖြင့် တစ်ဆထက်တစ်ဆ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆင့်ထိ တိုးမြှင့်နိုင်ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အဆွေတော်၏ခရီးစဉ်က မိမိတို့နှစ်နိုင်ငံ ဆက်ဆံ‌ရေးစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ခရီးစဉ်အတွင်းသာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတို့အပေါ်အခြေခံသော အေးအတူပူအမျှ တူညီသောအနာဂတ်ကို မျှဝေပိုင်ဆိုင်သည့် မြန်မာ-တရုတ်အသိုက်အဝန်းကို ထူထောင်ရန်သဘောတူညီခဲ့ကြပါသည်။

နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုတိုးတက်များပြားလျက်ရှိပြီး အထူးသဖြင့်ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ် - မြန်မာစီးပွားရေးစင်္ကြံမဟာဗျူဟာမြောက်စီမံကိန်းများကို နှစ်နိုင်ငံနှင့်ပြည်သူများအကျိုးအတွက် အကောင်အထည်ဖော်လျက်ရှိမှုက များစွာကျေနပ်အားရဖွယ်ဖြစ်ပါသည်။

မကြာသေးမီက မိမိတို့မော်စကိုမြို့၌တွေ့ဆုံစဉ် အထူးသဖြင့် နိုင်ငံတကာနှင့်ဒေသတွင်း မျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍများတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေးအတွက် တူညီသည့်ဘုံသန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုနိုင်ခဲ့မှုကို ဝမ်းမြောက်စွာအမှတ်ရမိပါသည်။

မိမိအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကူမင်းမြို့၌ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းက စွမ်းအင်၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူ့ကျန်းမာရေးအစရှိသည့် အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ခဲ့ပါသည်။ ထိပ်သီးအစည်းအဝေးကာလအတွင်း ဒေသနှင့် ကမ္ဘာ တစ်ဝှမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကိုခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုများကို အတူတကွ ပူးပေါင်းတိုက်ဖျက်မှုများကို အရှိန်အဟုန်မြှင့်တင်ရေးအတွက် ကတိကဝတ်ပြုခဲ့ကြပါသည်။

အခွင့်အခါကြုံခိုက် မကြာသေးမီက မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုအပြီး လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများကို အချိန်နှင့်တစ်ပြေးညီပေးအပ်ခဲ့ခြင်းအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရနှင့်ပြည်သူများကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ ယင်းသို့ကူညီရိုင်းပင်းမှုများက ဘေးဒုက္ခကြုံတွေ့ရချိန်တွင် မိမိတို့နှစ်နိုင်ငံအကြားရှိ ထူးကဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စာနာ နားလည်မှုတို့ကို ပြသလျက်ရှိခြင်းပင်ဖြစ်ပါသည်။

ယခုကဲ့သို့ မင်္ဂလာရှိသည့်အခါသမယတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက အခိုင်အမာထောက်ခံ ပံ့ပိုးပေးသည့်အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။

မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့် ဆယ်စုနှစ်များစွာအထိကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေးကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် အဆွေတော်နှင့်အတူ ဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းနှင့် အဆွေတော်ကျန်းမာသုခပြည့်စုံ၍ တရုတ်နိုင်ငံမှ ပြည်သူများအနေဖြင့် ဆက်လက်၍ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

မစ္စတာရှီကျင့်ဖျင်

သမ္မတ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

ပေကျင်းမြို့

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံပေးပို့သည့် သဝဏ်လွှာ

ပေကျင်းမြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်

အဆွေတော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်

အဆွေတော်ခင်ဗျား

မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများထံသို့ မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါသည်။         

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ချိန်မှစ၍ (၇၅)နှစ်တာကာလအတွင်း နှစ်နိုင်ငံအကြားရှိ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးသည် စိန်ခေါ်မှုများကြားမှပင် ပိုမိုရှင်သန်ခိုင်မာလာခဲ့ပါသည်။ နှစ်နိုင်ငံလုံးမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်တို့ကို လိုက်နာကျင့်သုံးလျက်ရှိပြီး အိမ်နီးချင်းကောင်း မိတ်ဖက်ဆက်ဆံရေးကို စိတ်ဓာတ်ဖြင့် နှစ်ဖက်အကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေလျက် မိမိတို့နှစ်နိုင်ငံအတွက် အဓိကအရေးပါသည့် အကျိုးစီးပွားနှင့် ဘုံအရေးပါသည့် ကိစ္စရပ်များတွင် နှစ်ဖက်အကြားအပြန်အလှန်ခိုင်မာစွာ ထောက်ခံရပ်တည်ပေးလျက်ရှိခြင်းတို့သည် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး၏ကောင်းမွန်သည့် သာဓကအဖြစ်ရှိနေပါသည်။

ပြီးခဲ့သည့်မေလက အဆွေတော်နှင့် ရုရှားနိုင်ငံ၌တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းမြှင့်တင်ထူထောင်ခြင်းနှင့်ပတ်သက်၍ အရေးကြီးသည့် သဘောတူညီချက်များရရှိခဲ့ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ် မြောက်အခါသမယတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ တရုတ် - မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ထောင် ဆောင်ရွက်ရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အကျိုးစီးပွားများကို အတူတကွ ဆောင်ကြဉ်းရန် အသင့်ရှိပါကြောင်းကို ပြောကြားလိုပါသည်။

မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများအားလုံး ကျန်းမာရွှင်လန်း၍ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ရှီကျင့်ဖျင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
AnnouncementsExplore more >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,