မိုင်းဆတ်-တာချီလိတ်လမ်းပေါ်ရှိ ဆိုက်ခေါင်တံတားသစ်စီမံကိန်းနေရာနှင့် လက်ရှိအသုံးပြုနေသည့် တံတားဟောင်း၏ ကြံ့ခိုင်မှုတို့အားစစ်ဆေး

မိုင်းဆတ်-တာချီလိတ်လမ်းပေါ်ရှိ ဆိုက်ခေါင်တံတားသစ်စီမံကိန်းနေရာနှင့် လက်ရှိအသုံးပြုနေသည့် တံတားဟောင်း၏ ကြံ့ခိုင်မှုတို့အားစစ်ဆေး


Ministry of Information/ Naypyitaw / July 15, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်လမ်းပေါ်ရှိ ဆိုက်ခေါင်တံတားသစ်စီမံကိန်းနေရာနှင့် လက်ရှိအသုံးပြုလျက်ရှိသော ဘေလီတံတား၏ ကြံ့ခိုင်မှုအခြေအနေများအား ဇူလိုင် ၁၄ ရက်ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များအား တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တံတားသစ်စီမံကိန်းအား တစ်ဆင့်ချင်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ Bored Pile (၁၀)ခု စိုက်ထူသွားမည့်နေရာနှင့် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ မှာကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် လက်ရှိအသုံးပြုလျက်ရှိသော ဘေလီတံတား၏ ကြံ့ခိုင်မှုအခြေအနေများကို တာဝန်ရှိသူများနှင့်အတူလိုက်လံစစ်ဆေးကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါ တံတားသစ်စီမံကိန်းမှာ ၂၀၂၅-၂၀၂၆ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော မိုင်းဆတ်-တာချီလိတ်လမ်းပေါ်မှ နမ့်ခုတ်ချောင်း ကူးတံတားစီမံကိန်းဖြစ်ကာ အရှည် (၄၂၀)ပေရှိ RC Concrete အမျိုးအစားတံတားဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသောစီမံကိန်း တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026
AnnouncementsExplore more >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ