မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်


Ministry of Information/ Naypyitaw / April 06, 2026
image_latest


အိမ်တိုင်းအိမ်တိုင်းက မီးကိုကြိုတင်ကာကွယ်တားဆီးနိုင်ရန် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားသည် -

(၁) မိမိနေအိမ်ခြံဝင်းကို သန့်ရှင်းသပ်ရပ်စွာထားပါ။

(၂) မီးလောင်လွယ်သော အရာဝတ္ထုများကို သေချာစွာထုပ်ပိုးသိမ်းဆည်းခြင်း၊ အသုံးမပြုလိုလျှင် စနစ်တကျ စွန့်ပစ်ခြင်းများ ဆောင်ရွက်ပါ။

(၃) အမှိုက်မီးရှို့လိုလျှင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သို့ ကြိုတင်အကြောင်းကြား၍ ခွင့်ပြုမှသာ ဆောင်ရွက်ပါ။

(၄) ထင်းမီးဖိုအသုံးပြုလျှင် လုံခြုံစွာကာရံခြင်း၊ ကျင်းတူး၍ အသုံးပြုခြင်းများ ဆောင်ရွက်ပါ။

(၅) ဓာတ်ငွေ့မီးဖြင့် အသုံးပြုချက်ပြုတ်လျှင် အသုံးမပြုမီ နားလည်တတ်ကျွမ်းသူများဖြင့် သေချာစွာစစ်ဆေးပါ။

(၆) လျှပ်စစ်မီးကို အသုံးပြုချက်ပြုတ်လျှင် ဝန်အားမျှတသည့် ဝိုင်ယာကြိုးများကိုအသုံးပြုခြင်း၊ လျှပ်စီးပတ်လမ်းကို အလိုအလျောက်ဖြတ်တောက်ပေးသော ပစ္စည်းကိရိယာများကိုအသုံးပြုခြင်း၊ ဝန်အားမနိုင်လျှင် လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးသည့် ပစ္စည်းကိရိယာများတပ်ဆင်ထားရှိခြင်းများကို နားလည်တတ်ကျွမ်းသော ပညာရှင်များ၏ အကူအညီရယူဆောင်ရွက်ပါ။

(၇) နေအိမ်တွင် အသုံးပြုထားရှိသော လျှပ်စစ်ပစ္စည်းများကို နှစ်စဉ်စစ်ဆေးပြီး အသုံးပြုရန် မသင့်လျော်သော ဟောင်းနွမ်းခြင်း၊ ပေါက်ပြဲခြင်း၊ ဝန်အားမမျှခြင်း စသည့်အန္တရာယ်ရှိသည့် အစိတ်အပိုင်းများကို အစားထိုးလဲလှယ်ပါ။

(၈) နေအိမ်ခြံဝင်းအတွင်း လောင်စာဆီ၊ စားသုံးဆီ၊ စက်သုံးဆီ၊ အမွှေးဆီ စသည့်မီးလောင်လွယ်သော ဆီအမျိုးမျိုးကို သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများမပြုပါနှင့်။

(၉) မီးခြစ်အစရှိသော မီးဖြစ်စေသော ပစ္စည်းများကို ကလေးသူငယ်များ လက်လှမ်းမမီသောနေရာ၊ အပူဒဏ်မခံစားရသောနေရာများတွင် သေချာစွာသိမ်းဆည်းထားရှိပါ။

(၁၀) ကလေးငယ်များကို မီးဖြစ်ပေါ်စေသောပစ္စည်းများ သို့မဟုတ် မီးလောင်လွယ်သောပစ္စည်းများနှင့် အသုံးပြုချက်ပြုတ်စေခြင်း၊ ဆေးလိပ်၊ ခြင်ဆေးခွေနှင့် အမွှေးတိုင်အစရှိသော ပစ္စည်းများအား မီးညှိစေခြင်း၊ ဆော့ကစားခြင်းများမပြုပါစေနှင့်။

(၁၁) ဆေးလိပ်ကို မီးငြိမ်းသည်ဟု သေချာမှသာ စနစ်တကျစွန့်ပစ်ပါ။

(၁၂) အိပ်ရာ၊ အဝတ်တန်း၊ အဝတ်ပုံနှင့် လောင်စာဆီများအနီးတွင် ခြင်ဆေးခွေထွန်းညှိထားခြင်း၊ ဖယောင်းတိုင် မီးထွန်းခြင်း၊ အမွှေးတိုင်ထွန်းညှိထားခြင်းများမပြုပါနှင့်။

(၁၃) ဘုရားရှိခိုးအပြီး လူစောင့်မထားရှိဘဲ မီးပူဇော်ထားရှိခြင်း၊ အမွှေးတိုင် ထွန်းညှိပူဇော်ထားရှိခြင်းများ မပြုပါနှင့်။

(၁၄) ထမင်းဟင်းချက်ပြုတ်ခြင်း၊ မီးပူတိုက်ခြင်း၊ အမှိုက်မီးရှို့ခြင်းနှင့် မီးနှင့်ပတ်သက်သော သို့မဟုတ် မီးလောင်နိုင်သောပစ္စည်းများကို ကိုင်တွယ်အသုံးပြုပြီးတိုင်း သေချာစွာစစ်ဆေးဖြုတ်သိမ်းခြင်း၊ ငြှိမ်းသတ်ခြင်း၊ လူစောင့်ထားရှိခြင်းများ ဆောင်ရွက်ပါ။

(၁၅) အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် နေအိမ်မှထွက်ခွာလိုလျှင် မထွက်ခွာမီ မီးလောင်နိုင်သော ကိစ္စဟူသမျှသေချာစွာစစ်ဆေးပြီး မီးမလောင်နိုင်ဟု သေချာမှသာ နေအိမ်မှထွက်ခွာပါ။

(၁၆) လူမနေသော အဆောက်အအုံ၊ ဂိုဒေါင်များကို ညစောင့်ထားရှိပါ။

(၁၇) နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ လှေကား၊ ရေနှင့် သဲအစရှိသော မီးငြှိမ်းသတ်ရေးကိရိယာများ စုံလင်စွာထားရှိပါ။ ငွေကြေးတတ်နိုင်ပါက မီးသတ်ဆေးဘူးထားရှိပါ။ အထပ်မြင့်အဆောက်အအုံဖြစ်ပါက အထပ်တိုင်းတွင် မီးသတ်ဆေးဘူးထားရှိပါ။

(၁၈) မီးငြှိမ်းသတ်ရေးကိရိယာများကို အသုံးပြုတတ်စေရန် လေ့ကျင့်သင်ကြားပါ။ နေအိမ်ရှိလူတိုင်း အသုံးပြုတတ်အောင်လည်း သင်ကြား၍ အခါအားလျော်စွာ လေ့ကျင့်ပါ။

(၁၉) မီးချိတ်၊ မီးကပ်၊ လှေကား၊ ရေနှင့် သဲများထားရှိရာတွင် မီးချိတ်သည် အရွယ်ရောက်ပြီး လူငယ်တစ်ဦး ခိုစီးနိုင်လောက်အောင်ခိုင်ခံ့ရမည်။ မီးကပ်သည် လွှဲယမ်းခံနိုင်လောက်အောင် တောင့်တင်းရမည်၊ လှေကားသည် အရွယ်ရောက်ပြီး လူငယ်တစ်ဦးသယ်ယူနိုင်ရမည်ဖြစ်ပြီး လူကြီးနှစ်ဦးအတက်ခံနိုင်သည်အထိ ပေါ့ပါးခိုင်ခံ့ရမည်၊ ရေနှင့်သဲကို အရွယ်ရောက်ပြီး လူငယ်တစ်ဦး သယ်ယူပက်ဖျန်းစေနိုင်သော ပုံးဖြင့်ဖြစ်စေ အများအပြားထားရှိပါက အလွယ်တကူသယ်ယူပက်ဖျန်းနိုင်စေရန် မီးသတ်ရေပုံးထားရှိ ဆောင်ရွက်ရပါမည်။

(၂၀) မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အခါအားလျော်စွာ ထုတ်ပြန်သောညွှန်ကြားချက်များ၊ စည်းကမ်းများ၊ တားမြစ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ပါ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026
AnnouncementsExplore more >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ