မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Ministry of Hotel & Tourism/ နေပြည်တော် / August 02, 2024
နေပြည်တော် ဇူလိုင် ၃၀
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဗဟို ကော်မတီဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် State Academy ၊ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဇွန်လအတွင်းကျင်းပပြုလုပ်ခဲ့သည့် (၁/၂၀၂၄) ကြိမ်မြောက် အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ထားသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Myanmar Tourism Development Board သို့မဟုတ် Authority တစ်ခုတည်ထောင်ရန် လိုအပ်ချက် ရှိ/မရှိနှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်ပြီးဆန်းစစ်ချက်များနှင့်အတူကော်မတီသို့ ပြန်လည်တင်ပြနိုင်ရန်အတွက် ကျင်းပခြင်းဖြစ် ကြောင်း။
ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် Myanmar Tourism Development Board သို့မဟုတ် Authority တစ်ခုတည်ထောင်ရန် လိုအပ်ချက် ရှိ/မရှိနှင့် စပ်လျဉ်းပြီးအရေးပါသည့် ခေါင်းစဉ် (၅) ခုကို ရွေးချယ်သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် Myanmar Tourism Development Board ၏ လုပ်ငန်းယန္တရား စနစ်တကျပေါ်ထွက်လာပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရန်အတွက် တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်ဦးလှိုင်ဦးက အလုပ်ရုံဆွေးနွေးပွဲ၌ ဆွေးနွေးကြမည့်အကြောင်းအရာများနှင့် အဖွဲ့အလိုက်ဆွေးနွေးကြမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများသည် ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာအဖွဲ့ (၅) ဖွဲ့မှ ကိုယ်စားလှယ် များက MTDB ၏ အမည်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ MTDB ၏ ဖွဲ့စည်းပုံ၊ MTDB ဥပဒေရေးဆွဲပြုစုရေးနှင့် ဥပဒေတွင်ထည့်သွင်းရမည့်ကိစ္စရပ်များ၊ MTDB ၏ စီမံကိန်း များချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် MTDB ၏ ဘဏ္ဍာငွေ အရင်းအမြစ်များရရှိခြင်း၊ ထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်း စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးတင်ပြ ကြပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နိဂုံးချုပ်အမှာ စကားပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်
Source From: Myanmar Alin
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Sep 9, 2024လျှောက်လွှာပုံစံ(Form)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Sep 6, 2024၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “အဂတိပယ်ခွာပြည်သာယာ” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အောက်ပါသတ်မှတ်ချက်များ နှင့်ကိုက်ညီသည့်လူငယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် -