မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်စာအုပ်အတွက် ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်စာအုပ်အတွက် ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ


Ministry of Information/ Naypyitaw / June 21, 2025
image_latest


ရန်ကုန် ဇွန် ၂၀

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ပြုစု ပုံနှိပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာသမိုင်း အဖွဲ့ပညာရှင်ကြီးများ၊ အကြံပေးပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲများ သုံးကြိမ်ပြုလုပ်ခဲ့ပြီး ခိုင်မာသောအချက်အလက်များ၊ မှတ်တမ်းပြုစုခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်သူလူထုသိရှိစေရန် သမိုင်းစဉ်စာအုပ်ထုတ်ဝေရာတွင် အခန်းကဏ္ဍ၊ ခေါင်းစဉ်များခွဲခြားရန်၊ ခိုင်မာသောသုတေသန အချက်အလက်များကို အခြေခံ၍ သမိုင်းပညာရှင်ကြီးများ၏ အကြံပြုချက်နှင့်အညီ ပြန်လည်စုစည်းသွားရမည်ဖြစ်ကြောင်း၊ ခိုင်မာသောသမိုင်းဖြစ်ရန် လိုအပ်သကဲ့သို့ အရှိကိုအရှိတိုင်းသာ ရေးသားပြင်ဆင်ဖြည့်စွက်ပေးရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သမိုင်းစဉ်စာအုပ်ပြုစုခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူသားများစတင်ဖြစ်တည်ချိန်မှ ပျူခေတ်အထိ တစ်ဆက်တစ်စပ်တည်းသမိုင်းနှင့် မြန်မာနိုင်ငံသမိုင်းတွင် ကွက်လပ်ဖြစ်နေသော ဟာကွက်များကို ဖြည့်ဆည်းရန်အတွက် အသစ်ထပ်မံတွေ့ရှိချက် အထောက်အထားများကို ပြင်ဆင်ဖြည့်စွက်ရန် ဖြစ်ပါကြောင်း၊ ပျူခေတ်ကာလ သမိုင်းစဉ်အထောက်အထားများကို အသစ် တွေ့ရှိချက်များသာမက ခေတ်မီ သက်တမ်းတွက်ချက်မှုများကိုပါ ဖြည့်စွက်ရေးသားထားပါကြောင်း၊ သမိုင်းပေါ်လွင်ရန်ဖြစ်၍ မြန်မာ သမိုင်းအဖွဲ့ပညာရှင်များနှင့် စိစစ်ရေးအဖွဲ့ ပညာရှင်များက တည်းဖြတ်ပေးရန်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ပညာရှင်များ၏ ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံပြန်တမ်း

Posted on Jun 20, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

HOT NEWS
January 4,