ရန်ကုန်စီးပွားရေးတက္ကသိုလ်ဖွံ့ဖြိုးတိုးတက်မှု ကြည့်ရှုစစ်ဆေး
ရန်ကုန်စီးပွားရေးတက္ကသိုလ်ဖွံ့ဖြိုးတိုးတက်မှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 25, 2026
နေပြည်တော် မေ ၂၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ဥပဓိရုပ်ကောင်းမွန်ရေးနှင့် တက္ကသိုလ်မုခ်ဦး၊ ရေကန်များနှင့် မြေယာရှုခင်းများကို ကြည့်ရှုသည်။
ထို့နောက် ပင်မဆောင် အစည်းအဝေးခန်းမ၌ တက္ကသိုလ်၏ Master Plan နှင့် စာသင်ဆောင်၊ အိပ်ဆောင်လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးပြီး စာသင်ဆောင်၊ စာသင်ခန်း၊ ဘွဲ့နှင်းသဘင်ခန်းမ၊ အိပ်ဆောင်များ တည်ဆောက်ရန် လျာထားသည့်မြေနေရာများနှင့် အပန်းဖြေရိပ်သာ၊ အားကစားရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) ပင်မဆောင်ရှိ စာကြည့်တိုက်၊ စာသင်ခန်းများကို ကြည့်ရှုကာ မဟာဘွဲ့ကျမ်းပြုစာမေးပွဲ စစ်ဆေးနေမှုကို အားပေးပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ရှိ စာသင်ခန်းများ၊ Theatre များ၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ပရဝဏ် အဆင့်မြှင့်တင်နိုင်မည့်အခြေ အနေများကို လှည့်လည်စစ်ဆေးကြည့်ရှုခဲ့သည်။
သတင်းစဉ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
