အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) မှ သင်တန်းသားများ၊ နည်းပြအုပ်ချုပ်သူများ ရန်ကုန်မြို့သို့ရောက်ရှိလာပြီး လေ့လာရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) မှ သင်တန်းသားများ၊ နည်းပြအုပ်ချုပ်သူများ ရန်ကုန်မြို့သို့ရောက်ရှိလာပြီး လေ့လာရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်


Ministry of Information/ Naypyitaw / May 26, 2026
image_latest


နေပြည်တော် မေ ၂၆

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၉)မှ လေကြောင်းလူငယ်သင်တန်းသားများ၊ နည်းပြ/အုပ်ချုပ်သူများသည် မေ ၂၅ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုအမှာစကားပြောကြားမှုကို ခံယူပြီးနောက် လေ့လာရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့၊ အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ တပ်မတော်လေယာဉ်များ၊ Diesel Electric Multiple Unit(DEMU) မီးရထားများဖြင့် ပြောင်းရွှေ့အခြေပြုကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိနျူကလီးယား နည်းပညာသတင်းအချက် အလက်စင်တာသို့ သွားရောက်လေ့လာကြသည်။

အဆိုပါ သင်တန်းသားများနှင့် နည်းပြ/အုပ်ချုပ်သူများသည် ရန်ကုန်မြို့သို့ပြေးဆွဲမည့် DEMU လူစီးအမြန်ရထားများစီးနင်းရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဘူတာကြီးသို့ ရောက်ရှိကြသည်။ ထို့နောက် နေပြည်တော်-ရန်ကုန် ရထားလမ်းတစ်လျှောက် DEMU လူစီးအမြန်ရထားများဖြင့် ထွက်ခွာလာရာ ပျဉ်းမနားဘူတာ၊ တောင်ငူဘူတာ၊ ဖြူးဘူတာ၊ ဒိုက်ဦးဘူတာ၊ ပဲခူးဘူတာနှင့် တိုးကြောင်ကလေး ဘူတာတို့တွင် ခေတ္တရပ်နားကြသည်။ လေကြောင်းလူငယ်သင်တန်းသားများက နေပြည်တော်-ရန်ကုန်ရထားလမ်းတစ်လျှောက် ဖြတ်သန်းခဲ့ကြသည့် မြို့၊ ရွာနှင့် တံတားများအား ဒေသန္တရဗဟုသုတအဖြစ် လေ့လာမှတ်သားခဲ့ကြသည်။ ၎င်းနောက် လေကြောင်းလူငယ်သင်တန်းသားများနှင့် နည်းပြ/အုပ်ချုပ်သူများ လိုက်ပါလာသော DEMU လူစီးအမြန်ရထားများသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်ကြပြီး ရန်ကုန်ဘူတာကြီးမှတစ်ဆင့် ရန်ကုန်မြို့၊ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ပြောင်းရွှေ့အခြေပြုကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် လေကြောင်းလူငယ်သင်တန်းသားများအား ပြခန်းခန်းမဆောင်တွင်ပြသထားသော နျူကလီးယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု (တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖို အမျိုးအစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်း ပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြနမူနာပုံစံ၊ ခန္ဓာကိုယ်၏ ဓာတ်ရောင်ခြည်ပမာဏကိုတိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းများတွင်ပါရှိသည့် ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယား နည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြားနိုင်သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စသည့်သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုများမှထွက်ရှိသော ရေဒီယိုသတ္တိကြွမှု တိုင်းတာဖော်ပြသည့်စက်များ၊ နျူကလီးယားဓာတ်ပေါင်းဖို တစ်ခု၏အတွင်းပိုင်းတွင် ပါဝင်သည့်ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံများကို 3 D Virtual နည်းပညာဖြင့် ပုံဖော်ပြသသည့်ပုံစံငယ်နှင့် လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Wind Turbine နမူနာ ပုံစံငယ်တို့အား တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ ဗီဒီယိုပြခန်းမဆောင်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသသည့်သီချင်း MTV ၊ အသေးစား လျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုတည်ဆောက်မှုအတွေ့အကြုံများအား ရှင်းလင်းတင်ပြမှု ဗီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြားထားသည့် ပြကွက်များ၊ ပိုစတာပြခန်းတွင် နျူကလီးယား နည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍ အသီးသီးတွင် လက်တွေ့ကျကျ အသုံးပြုလျက်ရှိသည့် ပိုစတာများကို လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026
AnnouncementsExplore more >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ