အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီ
အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီ
Ministry of Information/ Naypyitaw / April 26, 2024
နေပြည်တော် ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကို အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။
ဆောင်ရွက်နိုင်ပြီ
အဆိုပါဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ Border Trade ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ (OSS) များက ဧပြီ ၂၄ ရက်မှစ၍ တာဝန်ချထား စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းရှင်များအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆိုငှားရမ်းနိုင်ကြောင်းကြော်ငြာခြင်း
Posted on May 6, 2024နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆိုငှားရမ်းနိုင်ကြောင်းကြော်ငြာခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ
Posted on May 6, 2024စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ အနေကဇာတင်ပါဌ် (ပါဠိ-မြန်မာပြန်)
အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်
Posted on May 5, 2024နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။