၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade 12 ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade 12 ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို


Ministry of Information/ Naypyitaw / June 17, 2025
image_latest


နေပြည်တော် ဇွန် ၁၇

နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများသည် စာမေးပွဲ ပထမနေ့ ဇွန် ၁၆ ရက်မှစတင်၍ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာန ၁၉၅ ခု၌ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ ၆၂၈၀၀ ဦး (ဖြေဆိုရာခိုင်နှုန်း ၉၈.၆၃ ရာခိုင်နှုန်း)ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ပညာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးကြသည့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲများဖြေဆိုနိုင်ရန် ဧပြီ ၂၈ ရက်မှစတင်ကာ သတ်မှတ်ထားသည့် မြို့နယ်များရှိကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်း(Camp)များ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်လည်း မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
AnnouncementsExplore more >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,