၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်


Ministry of Information/ Naypyitaw / December 07, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ်(၁၀၁-၆၀) မှတ်၊ ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ရမှတ်(၆၅-၄၄) မှတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ် (၈၂-၅၇) မှတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကိုရမှတ် (၈၁-၄၂) မှတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဘော်လီဘောပြိုင်ပွဲများ

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၀) နှစ်အောက် ဘော်လီဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ကျင်းပရာ အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို သုံးပွဲပြတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးဘော်လီဘော ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကွာတားဖိုင်နယ် ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို လေးဂိုး- သုံးဂိုး၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ရှစ်ဂိုး-ဂိုးမရှိ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ငါးဂိုး -သုံးဂိုး၊ ကချင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။

အသက်(၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများ

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)/(၄) တို့တွင် ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့က တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲများကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့က တစ်ဖက်တစ်ဂိုးစီ၊ စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းတို့က တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ပညာရေးဝန်ကြီး ဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ‌ခြောက်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ကြက်တောင်ရိုက်ပြိုင်ပွဲ

ပြည်နယ်နှင့် တိုင်းဒေသကြီး ကြက်တောင်ရိုက်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံ၌ကျင်းပရာ အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို သုံးပွဲပြတ်၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို သုံးပွဲ-နှစ်ပွဲ၊ ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို သုံးပွဲပြတ်၊ ပဲခူး တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို သုံးပွဲပြတ်၊ ကယားပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲ-နှစ်ပွဲဖြင့်လည်းကောင်း၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို သုံးပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲများ

ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ကျင်းပရာ အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ တတိယနေရာလုပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်၊ ဗိုလ်လုပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုကို ကရင်ပြည်နယ်အသင်းနှင့် တတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းတို့က ရရှိခဲ့ကြသည်။

အမျိုးသမီးနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ရခိုင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ တတိယနေရာလုပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ ဗိုလ်လုပွဲစဉ်တွင် မွန်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ဖြင့်အနိုင်ရရှိခဲ့ပြီး ပထမဆုကို မွန်ပြည်နယ်အသင်း၊ ဒုတိယဆုကို ရခိုင်ပြည်နယ်အသင်းနှင့် တတိယဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းတို့က ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းမြားပစ်ကွင်း (၁/၂)၌ကျင်းပရာ အမျိုးသားခရစ်ကတ်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ခုနစ်ယောက်အသာဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ခုနစ်ယောက်အသာဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂၅ မှတ်အသာဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို သုံးယောက်အသာဖြင့် လည်းကောင်း၊ အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ခုနှစ်ယောက်အသာဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၈၉ မှတ်အသာဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၅၁ မှတ် အသာဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၇၆ မှတ် အသာဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ကျင်းပရာ အမျိုးသား(၅၁) ကီလိုတန်းလက်ဝှေ့ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ခန့်ဖြိုးကျော်က မွန်ပြည်နယ်မှ ထွန်းထွန်းအောင်ကိုလည်းကောင်း၊ ချင်းပြည်နယ်မှ ရဲရင့်ထွေးက ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ လင်းလင်းထွန်းကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သူရက တနင်္သာရီတိုင်းဒေသကြီးမှ မျိုးဇာနည်ထက်ကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ စောရွှေဝင်းက ဧရာဝတီတိုင်းဒေသကြီးမှ ဖြိုးကျော်ကျော်ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မှ အာကာထက်ဝင်းက မကွေးတိုင်းဒေသကြီးမှ စွမ်းထက်ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသား (၅၄) ကီလိုတန်း လက်ဝှေ့ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ စောလင်းအောင်က ရန်ကုန်တိုင်းဒေသကြီးမှ ကျော်စွာဝင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ ရှိုင်းငယ်က မွန်ပြည်နယ်မှ အောင်စည်သူကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကိုကိုထွန်းက ကချင်ပြည်နယ်မှ ဇော်ထွယ်အောင် ကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဝင်းထိုက်က ရခိုင်ပြည်နယ်မှ အောင်ထွန်းလွင်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ တူးမောင်က ကရင်ပြည်နယ်မှ ဖြိုးညီညီကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသားလက်ဝှေ့ပြိုင်ပွဲကျင်းပ

အမျိုးသား (၆၃ ဒသမ ၅) ကီလိုတန်း လက်ဝှေ့ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ဘုန်းမြင့်မောင်က ရှမ်းပြည်နယ်မှ ဝေယံနိုင်ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ လင်းထက်က ရန်ကုန်တိုင်းဒေသကြီးမှ လွှမ်းမိုး အောင်ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ စိုင်းနောင်က ချင်းပြည်နယ်မှ ဟိန်းထွဋ်အောင် ကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ စောဟဲဒိုစေးက မွန်ပြည်နယ်မှ စောမျိုးသက်ပိုင်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကျော်မျိုးဟန်က တနင်္သာရီတိုင်းဒေသကြီးမှ သန့်စင်ဝင်းကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ရာဇာနေဝင်းက မကွေးတိုင်းဒေသကြီးမှ အာကာထက်မြတ်ကျော်ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲကျင်းပ

အမျိုးသမီး ကီလို (၅၀) တန်း လက်ဝှေ့ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ခိုင်သဇင်ထွန်းက ကရင်ပြည်နယ်မှ အေးမြသီတာဝင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ သဲမြတ်မွန်က ဧရာဝတီတိုင်းဒေသကြီးမှ သင်းသင်းအောင်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ မြမိုးသူက မွန်ပြည်နယ်မှ လဲ့လဲ့ဖြူကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

မသန်စွမ်း အမျိုးသားထိုင်လျက်ဘော်လီဘောပြိုင်ပွဲအုပ်စု ပတ်လည်ပြိုင်ပွဲများကို လယ်ဝေး TC-2 အားကစားရုံ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို သုံးပွဲ-တစ်ပွဲ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ကြသည်။

အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေး

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Dec 26, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 25, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Dec 24, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Dec 23, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Dec 22, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Posted on Dec 21, 2024
HOT NEWS
January 4,