၂၀၂၅ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
၂၀၂၅ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / May 09, 2025
ရန်ကုန် မေ ၈
၂၀၂၅ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးမှတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မန္တလေးငလျင်ကြီးဘေး ဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်စကားပြောကြားကာ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် မှတ်တမ်း ဗီဒီယိုကိုပြသသည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ ဌာနေကိုယ်စားလှယ် Ms. Nadia Khoury နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ဌာနေကိုယ်စားလှယ် Mr. Arnaud de BAECQUE တို့က ဂုဏ်ပြုစကား ပြောကြားကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသက်(၆၅)နှစ်ပြည့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ လုပ်သက်(၁၅)နှစ် ပြည့်နှင့် လုပ်သက်(၃၀) ပြည့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အကြိမ်(၁၀၀)နှင့်အထက် သွေးလှူရှင်များနှင့် လူမှုထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Posted on Dec 12, 2025၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
