၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား သင်တန်းသူများ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား သင်တန်းသူများ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ


Ministry of Information/ Naypyitaw / May 24, 2026
image_latest


နေပြည်တော် မေ ၂၃

နေပြည်တော်သို့ရောက်ရှိနေသော ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၆)မှ သင်တန်းသားသင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများသည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)နှင့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)ရှိ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၏ ပုံစံငယ်များ၊ အထင်ကရနေရာများ၊ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအထိမ်းအမှတ်ပြယုဂ်များကို သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး သင်တန်းသားသင်တန်းသူများ၏ သိရှိလိုသည်များမေးမြန်းမှုကို ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

မွန်းလွဲပိုင်းတွင် အဆိုပါသင်တန်းသား သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများသည် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၉)မှ သင်တန်းသား သင်တန်းသူများ၊ အုပ်ချုပ်သူနည်းပြများနှင့် ဆရာ ဆရာမများသည် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြရာ တာဝန်ရှိသူများက သမိုင်းကြောင်းနှင့် ရုပ်ပွားတော်မြတ်ကြီး ထုဆစ်ရန်အတွက် စကျင်ကျောက်တုံးကြီးများအား ကုန်းလမ်း၊ ရေလမ်းမှ အဆင့်ဆင့်သယ်ဆောင်ခဲ့ရပုံနှင့် တည်ထားကိုးကွယ်မှုဆိုင်ရာ လုပ်ဆောင်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြသကြသည်။

ထို့နောက် ဘုရားပရိဝုဏ်အတွင်းရှိ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို ထုဆစ်ပူဇော်ထားသည့် ကျောက်စာချပ်များတည်ရှိရာ ကျောက်စာရုံစေတီတော်များ၊ မုစလိန္ဒအိုင်နှင့် နဂါးရုံဘုရားတို့အား လေ့လာဖူးမြော်ကြည်ညိုကြသည်။ ထို့ပြင် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးနှင့် မော်ကွန်းတိုက်၊ သုဓမ္မာဇရပ်များ၊ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ဗောဓိညောင်ပင်၊ လင်းလွန်းပင်နှင့် လုမ္ဗိနီအင်ကြင်းပင်များအား လေ့လာကြည့်ရှုကြသည်။ ထို့နောက် သင်တန်းသားများက စုပေါင်းအလှူငွေများပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ လေကြောင်းလူငယ်သင်တန်းသားများအား အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် ကျောင်းများအားလုံးတွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းဆိုင်ရာ အချက်အလက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဦးစီးဌာနမှ ဖွင့်လှစ်ထားသော ကျောင်းများ၊ သင်တန်းအမျိုးအစားများနှင့် သင်တန်းကာလများ၊ အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများ၏ ဝင်ခွင့်သတ်မှတ်ချက်များ၊ သင်တန်းအမျိုးအစားများနှင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ညနေပိုင်းတွင် နိုင်ငံတော်အတွက် သက်စွန့်ဆံဖျား ပေးဆပ်ခဲ့ကြသူများ၏ ရဲစွမ်းသတ္တိများ၊ သမိုင်းမော်ကွန်းများကို မှတ်တမ်းတင်ဂုဏ်ပြုထားရာ သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်၍ သူရဲကောင်းစစ်သည်တော်ကြီးများ၏ ကမ္ပည်းအမည်စာရင်းများ၊ ကျောက်စာတိုင်များ၊ ခေတ်အဆက်ဆက် အမိနိုင်ငံတော်ကိုကာကွယ်ရင်း အသက်ပေးလှူခဲ့ကြသည့် စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကမ္ပည်းမော်ကွန်းများ၊ အမြင့်ဆုံးရဲစွမ်းသတ္တိဘွဲ့တံဆိပ်ရရှိသူများ၏ ဂုဏ်ပြုမှတ်တမ်းကျောက်စာများ၊ ထာဝရမီးရှူးတိုင် (Eternal Flame)၊ သမိုင်းဝင်တိုက်ပွဲမှတ်တမ်းဓာတ်ပုံများနှင့် ပန်းချီကားများ၊ ကြေးသွန်းရုပ်တုများ၊ ကျောက်ဆစ်လက်ရာများနှင့် ဗိမာန်အတွင်းရှိ သမိုင်းမှတ်တမ်းများအား ကြည့်ရှုလေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026
AnnouncementsExplore more >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ