MSME များ ဖွံ့ဖြိုးရေးအတွက် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများ အလေးထားဆောင်ရွက်
MSME များ ဖွံ့ဖြိုးရေးအတွက် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများ အလေးထားဆောင်ရွက်
Ministry of Information/ Naypyitaw / June 22, 2025
နေပြည်တော် စွန် ၂၁
ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၉ က နေပြည်တော်ရှိ Naypyitaw State Polytechnic University တွင် Hybrid စနစ်ဖြင့် ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်သည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ တိုးတက်ပြောင်းလဲမှုမြန်ဆန်လျက်ရှိသော AI အပါအဝင် Digital Transformation နည်းပညာအရွေ့နှုန်းတို့နှင့်အတူ အမီလိုက်ပါနိုင်ကာ နိုင်ငံ့ရေရှည်အကျိုးစီးပွားကို လွှမ်းခြုံဖော်ဆောင်ပေးမည့် ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းဖြစ်ထွန်းလာစေရေးအတွက် ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် လုပ်ငန်းကော်မတီဝင်များနှင့် တက်ရောက်လာသူများက တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်
Posted on Jun 23, 2025၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)
Posted on Jun 20, 2025Myanmar National Human Rights Commission Statement (6/ 2025)
Posted on Jun 20, 2025