မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Latest News - 100813 items
Ministry of Information / Posted on December 03, 2025
နိုင်ငံ့စီးပွားမြင့်မားတိုးတက်စေရန်အတွက် ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးနှင့်အတူ ကုန်သွယ်စီးပွားတိုးတက်ကောင်းမွန်ရေးသည် အရေးကြီးသဖြင့် နိုင်ငံတော်အစိုးရက ပြည်ပသွင်းကုန်အစားထိုးရေး၊ ပြည်တွင်းထုတ်ကုန်မြှင့်တင်ရေးတို့ကို အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံ့စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်ရာ၌ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အတူ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရသည်။
Ministry of Information / Posted on December 03, 2025
နှစ်စဉ် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ်သတ်မှတ်၍ အများပြည်သူစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာလအတွင်း အပတ်စဉ် စနေနေ့တိုင်း နံနက်စောစော၊ ဆောင်းနှင်းဝေဝေ၊ အေးချမ်းလှသည့် အခါသမယတွင် စုပေါင်းလမ်းလျှောက်ခြင်း၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့က လူတိုင်းကြံ့ခိုင်ကျန်းမာရေးကို အလေးဂရုပြု ဆောင်ရွက်လာကြစေရန် အစပျိုးပေးခြင်းဖြစ်သည်။
Ministry of Information / Posted on December 03, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Ministry of Information / Posted on December 03, 2025
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Ministry of Information / Posted on December 02, 2025
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်း အိမ်ရာတည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on December 02, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Myanmar National Human Rights Commission/ location / December 02, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
