တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန Artificial Intelligence (AI) (ဉာဏ်ရည်တု) နည်းပညာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ နေပြည်တော် ဇွန် ၂၀


Ministry of Ethnic Affairs/ နေပြည်တော် / June 22, 2025
image_latest


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ Artificial Intelligence (AI) (ဉာဏ်ရည်တု) နည်းပညာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဘုန်းကျော်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် AI နည်းပညာသည်  လူသားများ၏ လုပ်ဆောင်နိုင်စွမ်းကို အတုယူပြီး ပြဿနာများကို ဖြေရှင်းရန်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် ကွန်ပျူတာများနှင့် စက်များကို အသုံးပြုထားသည့် နည်းပညာဖြစ်ပါကြောင်း၊ အထူးသဖြင့် ကွန်ပျူတာများ၊ စက်များက လူသားတို့၏ အသိဉာဏ်ကဲ့သို့ မျှတစွာတွေးခေါ် နိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်း၊ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိသည့် ဉာဏ်ရည်တု နည်းပညာတစ်ခုပင်ဖြစ်ပါကြောင်း၊ AI နည်းပညာကို တာဝန်ယူမှုရှိစွာနဲ့ တီထွင်အသုံးချမည် ဆိုပါက လူသားများအတွက် အကျိုးများနိုင်သလို တာဝန်မဲ့စွာ အသုံးချပါက အန္တရာယ်ဖြစ်စေနိုင် သည်ကိုလည်း သတိပြုရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း e-Government စနစ်မှသည် Digital Government သို့ ဦးတည်၍ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများအနေဖြင့်လည်း AI နှင့်ပတ်သက်၍ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် AI ဆွေးနွေးပွဲမှ တစ်ဆင့် နည်းပညာဆိုင်ရာ အသိပညာဗဟုသုတများစွာရရှိပြီး မိမိဌာနနှင့် နိုင်ငံတော်အတွက် အကျိုးပြုသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြ ရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဘုန်းကျော်က AI နည်းပညာနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လာရောက်ဟောပြောပေးသော ဒေါက်တာ တင်ဘုန်းကျော်နှင့်အဖွဲ့အား ကျေးဇူးတင်စကား ပြောကြားပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဒေါက်တာ တင်ဘုန်းကျော်အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပြီး  အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement (6/ 2025)

Myanmar National Human Rights Commission / Posted on June 20, 2025

မြန်မာနိုင်ငံပြန်တမ်း

Ministry of Information / Posted on June 20, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023