နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ဦးမှ အငယ်တန်းစာရေးရာထူးနေရာအတွက် ရေးဖြေစာမေးပွဲ ကျင်းပဖြေဆိုမှု လှည့်လည်ကြည့်ရှုအားပေး
နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ဦးမှ အငယ်တန်းစာရေးရာထူးနေရာအတွက် ရေးဖြေစာမေးပွဲ ကျင်းပဖြေဆိုမှု လှည့်လည်ကြည့်ရှုအားပေး
Ministry of Foreign Affairs/ Nay Pyi Taw / January 15, 2025
(၁၄-၁-၂၀၂၅၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ရာထူးနေရာအတွက် ရွေးချယ်ခန့်အပ်နိုင်ရန် ရေးဖြေစာမေးပွဲကို ၁၄-၁-၂၀၂၅ ရက်၊ အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီအချိန်မှ ၁၃:၀၀ နာရီအချိန်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါရေးဖြေစာမေးပွဲ ကျင်းပနေမှုနှင့် စာမေးပွဲဖြေဆိုမှုအခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ဦးသည် တာဝန်ရှိ သူများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး စနစ်တကျအောင်မြင်စွာ ဖြေဆိုကြရန် ဖြေဆိုသူများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။ ရေးဖြေစာမေးပွဲဖြေဆိုအောင်မြင်သူများအား လူတွေ့စစ်ဆေးခြင်းနှင့် စိတ်အခြေအနေစစ်ဆေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Newspaper
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ပုံနှိပ်သူနှင့်ထုတ်ဝေသူစာရင်းအား အသိပေးကြေညာခြင်း
Ministry of Information / Posted on January 15, 2025
၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း...
သာသနာတော်ထွန်းကာားပြန့်ပွားရေးဦးစီးဌာန၊ ပြင်ပမှခေါ်ယူသော အငယ်တန်းစာရေးရာထူး (၆၆) နေရာ၊ စာပေလက်ထောက်-၄ ရာထူး (၁) နေရာ၊ ပြတိုက်လကထောက်-၄ ရာထူး (၁) နေရာ၊ စာရင်းကိုင်-၄ ရာထူး (၂) နေရာတို့အတွက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်း၊ ခုံအမှတ်၊ ရေးဖြေစာမေးပွဲဖြေဆိုမည့် အချိန်နှင့် နေရက်တို့အား ကြော်ငြာခြင်း
Ministry of Religious Affairs & Culture / Posted on January 15, 2025
ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း
Ministry of Defense / Posted on January 14, 2025