ပန်းတနော်မြို့နယ်အတွင်း ကျေးလက်လမ်းတံတားဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / January 15, 2025
image_latest


ပန်းတနော် ဇန်နဝါရီ ၁၄

            ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပန်းတနော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၁၃ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးကျော်ကျော်ထွေး အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် အဖွဲ့တို့ ကွင်းဆင်းကြည့်ရှုကာ လုပ်ငန်းများဆောလျင်စွာနှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

                အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့်အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော မင်းကုန်းမြောက်-ကျုံတကယ် ကျေးရွာချင်းဆက်လမ်း မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ဌာနမှဆောင်ရွက်သည့် ကျုံပတော ချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုရာ မအူပင်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ပန်းတနော် မြို့နယ်ဦးစီးအရာရှိ (မြို့ပြ)(တာဝန်) နှင့် အဖွဲ့ဝင်များက လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

Newspaper

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

Announcement

ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ပုံနှိပ်သူနှင့်ထုတ်ဝေသူစာရင်းအား အသိပေးကြေညာခြင်း

Ministry of Information / Posted on January 15, 2025

၁။   ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023