ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မွေးကင်းစကလေး အသက်ကယ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / January 15, 2025


ပုသိမ်      ဇန်နဝါရီ      ၁၃

ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် မွေးကင်းစကလေး အသက်ကယ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မွေးကင်းစကလေး အသက်ကယ်နည်း သင်တန်း”သည် တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် လက်ရှိတာဝန်ထမ်းဆောင် နေကြသည့် ဆရာဝန်များ၊ ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများအား ပါမောက္ခ(မွေးကင်းစနှင့်ကလေးအထူးကုဆရာဝန်ကြီး)များမှ သင်ကြားပို့ချသည့် တိုင်းဒေသကြီး အဆင့် သင်တန်းဖြစ်ပါကြောင်း၊  အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရေမွှန်းသော မွေးကင်းစကလေး အသက်ရှူရန် အသက်ကယ်ပြုစုစောင့်ရှောက်မှုပေးသည့် အဆင့်တိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန်၊ အချိန်တစ်မိနစ်အတွင်း တိကျမှန်ကန်စွာ အသက်ကယ်ခြင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သောကျွမ်းကျင်မှုများရှိစေရန်ရည်ရွယ်၍ သင်တန်းတွင် မွေးပြီးပြီးချင်း ပြုစုစောင့်ရှောက်ခြင်း၊ ရေမွန်းသည့်ကလေးအား အသက်ရှူ လမ်းကြောင်း ကောင်းမွန်အောင်ရေမွှာရည်ရှင်းလင်းခြင်း၊ နှလုံးခုန်သော်လည်း ကလေးမငို၊ အသက်မရှူပါက လေအိတ်နှင့် မျက်နှာဖုံးသုံးပြီး အသက်ကယ်ပြုစုခြင်းများကို စာတွေ့လက်တွေ့ သင်ယူရမည် ဖြစ်ပါကြောင်း၊ အသက်ငါးနှစ်အောက် ကလေးငယ်များအားလုံး ရောဂါဘယကင်းဝေး၍ သက်ရှည်ကျန်းမာပြီး ကာယ၊ ဉာဏနှင့် လူမှုဘဝပြည့်စုံသော ဘဝများ ရရှိ၍ အနာဂတ်တွင် ဘက်စုံဖွံ့ဖြိုးသော နိုင်ငံ့သားကောင်းများ ဖြစ်လာနိုင်စေရန် ဦးတည်ပြီး မွေးကင်းစနှင့် ကလေး ကျန်းမာရေးဆိုင်ရာ လုပ်ငန်းရပ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချသည့် အကြောင်းအရာများကို ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပြီး လက်တွေ့အသုံးချခြင်းဖြင့် မွေးကင်းစကလေး ရေမွန်းသေဆုံးမှုကို လျှော့ချနိုင်စေ ရန် အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ မွေးကင်းစကလေး အသက်ကယ်နည်း သင်တန်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွား ဆရာမနှင့် Midwifery Practice ရှိသော ကျန်းမာရေးဝန်ထမ်း (၁၅၀၀)ဦးအား ပုသိမ်ပြည်သူ့ ဆေးရုံကြီးသင်တန်းခန်းမတွင် သင်တန်းတစ်ကြိမ်လျှင် (၂၅၀)ဦးဖြင့် စုစုပေါင်း(၆)ကြိမ် စာတွေ့ လက်တွေ့သင်တန်းပေး ပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

Newspaper

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

Announcement

ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ပုံနှိပ်သူနှင့်ထုတ်ဝေသူစာရင်းအား အသိပေးကြေညာခြင်း

Ministry of Information / Posted on January 15, 2025

၁။   ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023