News

Latest News - 77911 items

နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုရှေးရှုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး အကြားအလပ်မရှိ အချိုးညီမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိ

Ministry of Information / Posted on July 03, 2024

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။

အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အသေးစိတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Ministry of Information / Posted on July 03, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနရုံးအမှတ် (၄) ၌ကျင်းပသည့် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲရလဒ်များအရ အသေးစိတ်ညှိနှိုင်း အစည်းအဝေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

Ministry of Information / Posted on July 03, 2024

(၂၆-၆-၂ဝ၂၄) ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ ဘဏ်များနှင့်ပတ်သက်သည့် ဖော်ပြချက်များတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန်တောင်းဆိုမှုများ စသည့်ရေးသားဖော်ပြချက်များမှာ မြန်မာပြည်သူများ၏အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့်ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် အဆိုပါရေးသားချက်အပေါ် ပြင်းထန်စွာကန့်ကွက်ပါကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့

Ministry of Information / Posted on July 03, 2024

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက် (စနေနေ့)

နေ့စဉ်မိုးလေဝသသတင်း

Ministry of Transport and Communications / Posted on July 03, 2024

နေ့စဉ်မိုးလေဝသသတင်း

နိုင်ငံ၏ထက်ဝက်ကျော်အင်အား မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်

Ministry of Information / Posted on July 03, 2024

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံ၍ တွက်ချက်ထုတ်ပြန်သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၆ ဒသမ ၂ သန်းရှိသည့်အနက် အမျိုးသားဦးရေ ၂၆ ဒသမ ၈ သန်းနှင့် အမျိုးသမီးဦးရေ ၂၉ ဒသမ ၄ သန်းရှိနေသည်။ အမျိုးသမီးဦးရေသည် ရာခိုင်နှုန်းအားဖြင့် ၅၂ ရာခိုင်နှုန်းကျော်ဖြစ်ရာ နိုင်ငံ့လူဦးရေ၏ထက်ဝက်ကျော် အင်အားရှိနေခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၇ /၂၀၂၄)

Ministry of Information / Posted on July 03, 2024

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်ကသတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိလူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ပြီး နိုင်ငံအတွက်အဖိုးတန်သော လူသားအရင်းအမြစ် များဖြစ်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူညီမျှ အခွင့်အရေးရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် ခွဲခြားဆက်ဆံမှုကင်းစွာ ပါဝင် ဆောင်ရွက်ခွင့်ရှိသူများ ဖြစ်ပါသည်။

မြန်မာအမျိုးသမီးများနေ့

Ministry of Information / Posted on July 03, 2024

မြန်မာအမျိုးသမီးများနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်

ရေကြီးရေလျှံသဘာဝဘေးကို ကြိုတင်ပြင်ဆင်

Ministry of Information / Posted on July 03, 2024

မြစ်များသည် အများအားဖြင့် တောင်ကုန်းတောင်တန်း၊ အရည်ပျော်နေသော ရေခဲမြစ်များမှ မြစ်ဖျားခံကာ မြေနိမ့်ပိုင်းသို့ စီးဆင်းသွားသည်။ မြန်မာနိုင်ငံရှိ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်မြစ်ကြီးသုံးသွယ်သည် မြင့်မားသော တောင်ကုန်းတောင်တန်းများမှ စီးဆင်းလျက်ရှိသည်။ ယခုမိုးရာသီကာလ အရှိန်ရလာသောအခါတွင် တောင်ကုန်းတောင်တန်းများမှ စီးဆင်းလာသော အဆိုပါမြစ်ရေများကြောင့် မြေပြန့်ဒေသများတွင် ရေကြီးရေလျှံအန္တရာယ်များနှင့် ကြုံတွေ့နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် မြစ်ကြီးနားမြို့နှင့် ခန္တီးမြို့တို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

Ministry of Information / Posted on July 02, 2024

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လျက်ရှိပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။