သတင်း

၇၂၀၅ နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးမည်

Posted on October 16, 2019

စင်ကာပူနိုင်ငံ Sing Health ကျန်းမာ ရေးစောင့်ရှောက်မှုအဖွဲ့၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနနှင့် Myanmar Kindness Foundation တို့ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အောက်တိုဘာ နောက်ဆုံးပတ်အတွင်း မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ အခမဲ့ခွဲစိတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ၏ ကိုယ်ရေးအကျဉ်း

Posted on October 16, 2019

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီ ဘန်ဒါရီကို ၁၉-၆-၁၉၆၁ ရက်နေ့တွင် နီပေါနိုင်ငံ ဘော့ချ်ပါခရိုင် မနီဘန်ယန်း(၂)၌ မွေးဖွားခဲ့ သည်။ ၎င်းသည် အထက်တန်းပညာရေးကို ဘော့ချ်ပါခရိုင်၌လည်းကောင်း၊ အဆင့်မြင့် ပညာကို မိုရန်းခရိုင် ဘီရပ်နာဂါ၌ လည်းကောင်း ဆည်းပူးခဲ့သည်။

မဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ၏(၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး ညီလာခံသို့ တက်ရောက်မည့်သူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တွေ့ဆုံမှာကြား

Posted on October 15, 2019

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက် ပိုင်းတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်၌ အောက်တိုဘာ (၁၇) ရက်မှ (၁၉) ရက်အထိ လာအိုနိုင်ငံတွင် ကျင်းပမည့် မဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံ များ၏ (၁၁) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာပြည်သူ့ကျန်းမာရေးညီလာခံ (11th International Conference on Public Health among Greater Mekong Sub-Region Countries) သိုတက်ရောက်မည့် ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်၊ ဆေးတက္ကသိုလ်များမှ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ ဌာနများနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနတို့မှ ပညာရှင်များ၊ အားတွေ့ဆုံ၍မှာကြားသည်။

နေ့စဉ်မိုးလေဝသသတင်း

Posted on October 15, 2019

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်

နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် (၂၈)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲကျင်းပ

Posted on October 15, 2019

၂၀၁၉ ခုနှစ် နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ (International White Cane Day) အထိမ်းအမှတ် (၂၈)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၆ နာရီတွင် ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ချင်းပြည်နယ် အတွင်းရှိ လမ်း/တံတားနှင့် အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး

Posted on October 15, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်တို့သည် ယမန်နေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ လမ်းဦးစီး ဌာနမှ ဟားခါး - ထန်တလန်လမ်း အပိုင်းအား (၁၂)ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း၊ မိုင်တိုင်အမှတ် (၁)မိုင် (၇)ဖာလုံနှင့် (၂)မိုင်(၄)ဖာလုံ အကြား (၁၈)ပေအကျယ် ကတ္တရာလမ်း တိုးချဲ့ခြင်း၊ ကျောက်စီ မြေထိန်းနံရံနှင့် ကျောက်စီရေမြောင်းဆောင်ရွက်ခြင်း၊ ထန်တလန်မြို့ တွင် ကတ္တရာကွန်ကရစ်(AC) ခင်းပြီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ASEAN-Korea Train အစီအစဉ်သို့ တက်ရောက်ရန် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိ

Posted on October 15, 2019

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့သို့ ရောက်ရှိပြီး မွန်းတည့် (၁၂)နာရီတွင် ဆိုးလ်မြို့ရှိ Hilton Hotel Grand Ballroom ၌ ကျင်းပသော ASEAN-Korea Train အစီအစဉ် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်သည်။

“နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ” ပို့စကတ်ပြိုင်ပွဲ ဖိတ်ခေါ်

Posted on October 15, 2019

၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပို့စကတ်ပြိုင်ပွဲအား “နိုင်ငံ၏တန်ဖိုး လူမျိုး၏ ဂုဏ်သိက္ခာ” ဟူသောခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်သွားပါမည်။ အဆိုပါပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုများ၊ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်မှုများ၊ နိုင်ငံသားတို့၏ စည်းကမ်း ပြည့်၀မှုများနှင့် လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် င်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို ဖော်ညွှန်းဖန်တီးထားသည့် ပို့စကတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့၌ ကျောင်းသား ကျောင်းသူဟောင်းများ စုပေါင်း၍ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်

Posted on October 15, 2019

မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့တွင် ကျောင်းသား ကျောင်းသူဟောင်းများ စုပေါင်းကာ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ ညနေ ၅ နာရီမှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲပွဲစဉ်များ ဆက်လက်ကျင်းပ

Posted on October 15, 2019

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲပွဲစဉ်များကို ယနေ့ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစား လက်ဝှေ့ရုံတွင် ယှဉ်ပြိုင်ကစားကြသည်။

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ သီတင်းကျွတ်လအတွက် မီးထွန်းပွဲနှင့်ကြာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •