သတင်း

၈၅၆၈ နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့်တွေ့ဆုံ

Posted on December 14, 2019

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမနှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

အမှတ်(၂) သံမဏိစက်ရုံ စီမံကိန်း (ပင်းပက်) ပြန်လည်စတင်နိုင်ရေး အတွက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

Posted on December 14, 2019

ရှမ်းပြည်နယ် ပင်းပက်ဒေသတွင် ရှရှားနိုင်ငံ၏ နည်းပညာအကူအညီဖြင့် အမှတ်(၂) သံမဏိစက်ရုံစီမံကိန်း (ပင်းပက်) ပြန်လည်စတင်နိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း (၇) ကြိမ်မြောက် အာဆီယံသတ္တုကဏ္ဍ ဝန်ကြီးများအဆင့် အစည်းအဝေးတက်ရောက်

Posted on December 14, 2019

(၇) ကြိမ်မြောက် အာဆီယံသတ္တုကဏ္ဍ ဝန်ကြီးများအဆင့် အစည်းအဝေး ကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက် မြို့၌ ကျင်းပသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် 2019 IMF Article IV Consultation Mission မှ Mission Chief နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

Posted on December 14, 2019

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် 2019 IMF Article IV Consultation Mission မှ Mission Chief ၊ Mr. ShanakaJayanath Peiris နှင့်အဖွဲ့အား ယမန်နေ့ မန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မြန်မာသမိုင်းအဖွဲ့ လစဉ်ပုံမှန် အစည်းအဝေးတက်ရောက်

Posted on December 14, 2019

မြန်မာသမိုင်းအဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ပညာဆောင်၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးဟန်‌ဇော် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Posted on December 13, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမ အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီး Yoko Mikasa နှင့်အဖွဲ့ ပုဂံ-ညောင်ဦးမြို့ သဗ္ဗေညုဘုရားအနီး ဂျပန်စစ်သင်္ချိုင်း အမှတ်တရ လွမ်းသူ့ပန်းခွေချ ပုဂံ ရှေးဟောင်းဘုရားများအားဖူးမြော်

Posted on December 13, 2019

မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသော ဂျပန် ဘုရင့်မျိုးနွယ် မင်းသမီး Yoko Mikasa ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီ က ပုဂံမြို့ဟောင်းရှိ သဗ္ဗေညု ဘုရားအနီးရှိ ဂျပန်စစ်သင်္ချိုင်းသို့ သွားရောက်ဂါရဝပြုကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးတက်ရောက်

Posted on December 13, 2019

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေး အတွက် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေး လုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော် နိုင်ရေးအတွက် မူဝါဒနည်းလမ်းများ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေးဖိုရမ်-၂၀၁၉ ကျင်းပ

Posted on December 13, 2019

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စီမံကြီးကြပ်မှု၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ ပူးပေါင်းကူညီမှုဖြင့် “မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်နိုင်ရေးအတွက် မူဝါဒနည်းလမ်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးဖိုရမ် (၂၀၁၉) ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် ပရဝဏ်အတွင်းရှိ စေတီတော်များတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မကိုဋ် (၃) ဆင့် ရွှေထီးတော်များ ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကျင်းပ

Posted on December 13, 2019

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် ပရဝဏ်အတွင်းရှိ စေတီတော်များတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မကိုဋ်(၃)ဆင့် ရွှေထီးတော်များ အား ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ရင်ပြင်တော်၌ ပြုလုပ်ရာ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ကြည်ညိုသည်။

အထူးသတင်း