News

Latest News - 82159 items

Image
တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား

Ministry of Information / Posted on October 06, 2024

၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

Image
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်တည်ထောင်ခြင်း (၃) နှစ်ပြည့်အထိမ်းအမှတ်နှင့် ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

Ministry of Information / Posted on October 06, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်း(၃)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်နှင့် ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းလုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရန်အတွက် ၄၈ မီတာ အမြန်သွားကင်းလှည့်ရေယာဉ်(၄)စီး တပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြားသည်။

Image
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးရှိ ဝက်အင်းနဂါးရွှံ့မီးတောင် ပေါက်ကွဲမှုဖြစ်ပွား

Ministry of Information / Posted on October 06, 2024

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေး၀-ရွာအနီးတွင် ဒေသအခေါ် ဝက်အင်းနဂါးအမည်ရှိ ရွှံ့မီးတောင် ၄ ခုပါ မီးတောင်အုပ်စုမှ မြောက်ဘက်အစွန်ဆုံးမီးတောင်သည် အောက်တိုဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် မိနစ် ၃၀ ကြာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ ရွှံ့ရည်ပူများသည် အမြင့်ပေ ၁၀ ပေခန့် အထိ လွင့်စင်ပေါက်ထွက်ခဲ့ပြီး ရွှံ့မီးတောင်၏ဘေးပတ်လည် ၃၀၀ ပေခန့် ရွှံ့ချော်ရည်များ ဖုံးလွှမ်းခဲ့သည်။ အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် လယ်ယာမြေစိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရှိရသည်။

Image
ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ၊ ဘီးလူးချောင်း ရေအားလျှပ်စစ်စက်ရုံများအား ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on October 06, 2024

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နှုန်းများ၊ သစ်ပင်သစ်ကိုင်းများဖယ်ရှားပေးခြင်း အပါအဝင်အခြား လိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။

Image
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

Ministry of Information / Posted on October 06, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

Image
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on October 06, 2024

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Image
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on October 06, 2024

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Image
နေ့စဉ်မြစ်ရေခန့်မှန်းချက်

Ministry of Transport and Communications / Posted on October 06, 2024

နေ့စဉ်မြစ်ရေခန့်မှန်းချက်

Image
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on October 06, 2024

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Image
စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသည့် မျိုးသစ်မျာစိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသည့် မျိုးသစ်များအား တောင်ငူခရိုင် ငါးမြို့နယ်မှ တောင်သူများ လာရောက်လေ့လားအား တောင်ငူခရိုင် ငါးမြို့နယ်မှ တောင်သူများ လာရောက်လေ့လာ

Ministry of Information / Posted on October 06, 2024

ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများ ထိခိုက်ခဲ့ရသည့် တောင်ငူ၊ ထန်းတပင်၊ ဖြူး၊ ရေတာရှည်၊ အုတ်တွင်းမြို့နယ်တို့မှ တောင်သူများသည် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲ၌ သုတေသနပြုစိုက်ပျိုးထားရှိသော ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသည့် မျိုးသစ်များ စိုက်ပျိုးထားရှိမှုကို လာရောက်လေ့လာကြသည်။