ဆိုင်းဘုတ်တပ်ဆင်ခွင့် လျှောက်ထားခြင်း

ဆိုင်းဘုတ်တပ်ဆင်ခွင့် လျှောက်ထားခြင်း





ဆိုင်းဘုတ်တပ်ဆင်ခွင့် လျှောက်ထားခြင်း


Yangon City Development Committee / September 29, 2021

၁။ Online မှ ဆိုင်းဘုတ်တပ်ဆင်ခွင့်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လျှောက်ထားသူ၏လျှောက်လွှာ။
  • ဆိုင်းဘုတ်စာသားနှင့် အရွယ်အစား/ တည်နေရာမြေပုံကြမ်း။
  • တပ်ဆင်မည့်ဓာတ်ပုံမှတ်တမ်း။
  • တာ၀န်ခံအရာရှိ၏စစ်ဆေးချက်။
  • ဆိုင်ခန်းနေရာချထားခြင်း(ပါမစ်)မိတ္တူ။
  • ဆိုင်ခန်းငှားရမ်းထားပါက စာချုပ်မိတ္တူ။

 

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာစခန်းကွပ်ကဲမှုရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တစ်ပြိုင်တည်းတောင်းခံပါမည်။

 

၃။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ လိုအပ်ပါက (၂၄) နာရီအတွင်း ဖြုတ်သိမ်းဖယ်ရှားပေးရမည်။

 

၄။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက ယင်းရက်မှ (၁) ပတ်အတွင်း (ရုံးပိတ်ရက်မပါ) ဆိုင်းဘုတ်တပ်ဆင်ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။

Website လိပ်စာ

https://app.ycdc.gov.mm/

FAQs

HOT NEWS
May 11,

Subcribe to us

Government Directory