ဟိုတယ်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း





ဟိုတယ်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း


Ministry of Hotel & Tourism / June 09, 2023

၁။ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် အဆောက်အအုံနှင့်စပ်လျဉ်း၍ အောက်ပါသတ်မှတ် ချက်များနှင့် ပြည့်စုံရမည်-

    (က) ဟိုတယ်အဖြစ် အသုံးပြုရန်  သင့်လျော်သည့် အဆောက်အအုံကို ပိုင်ဆိုင်၍ဖြစ်စေ၊ ငှားရမ်း၍ဖြစ်စေ ရှိပြီးဖြစ်ရမည်။

    (ခ ) အဆောက်အအုံ၏ တည်နေရာနှင့် ပရိဝုဏ်သည် လုပ်ငန်းသဘာဝနှင့်သင့်လျော်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အခြေအနေရှိရမည်။

    (ဂ ) အဆောက်အအုံသည် သက်ဆိုင်ရာဒေသစည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက် ရရှိပြီးဖြစ်ရမည်။

   (ဃ) အဆောက်အအုံသည် နောက်ဆက်တွဲပါ အနည်းဆုံးလိုအပ်သည့် အခြေခံအချက်များ နှင့် ပြည့်စုံရမည်။

၂။ လုပ်ငန်းလိုင်စင်လျှောက်ထားသူသည် အောက်ပါအချက်အလက်၊ အထောက်အထားများဖြင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသို့ လျှောက်ထားရမည်- 

    (က) လိုင်စင်လျှောက်လွှာ၊

    (ခ) ဟိုတယ်ဆောက်လုပ်ခွင့် တင်ပြခဲ့ပါက ဆောက်လုပ်ခွင့်အတွက် ခွင့်ပြုထားသည့် အထောက်အထားမိတ္တူ၊

    (ဂ) နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်၊

    (ဃ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ထောက်ခံချက်၊

   (င) မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ထောက်ခံချက်၊

   (စ) မြို့နယ်ရဲစခန်း၏ထောက်ခံချက်၊

   (ဆ ) မြို့နယ်မီးသတ်ဦးစီးဌာန၏ထောက်ခံချက်၊

   (ဇ) မြို့နယ်ကျန်းမာရေးဌာန၏ထောက်ခံချက်၊

   (ဈ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ထောက်ခံချက်၊

   (ည) ဘေးပတ်ဝန်းကျင်နေသူများမှ သဘောတူညီကြောင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်၊

    (ဋ) မြေပိုင်ဆိုင်မှု အထောက်အထား၊ ငှားရမ်းခြင်းဖြစ်ပါက ငှားရမ်းထားသည့် အထောက်အထား၊

    (ဌ ) ဆောက်လုပ်ပြီး အဆောက်အအုံနှင့်အခန်းဓါတ်ပုံများ၊

    (ဍ) လျှောက်ထားသူ၏ (၆)လအတွင်း ရိုက်ထားသည့် ပတ်စ်ပို့အရွယ် ရောင်စုံဓါတ်ပုံ (၂)ပုံ၊

    (ဎ) ဝန်ထမ်းအင်အားစာရင်း၊

    (ဏ) ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်ဖြစ်ပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၏ ထောက်ခံချက် သို့မဟုတ် သစ်တောနှင့်သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးနယ်မြေတွင် ဖြစ်ပါက သစ်တောဦးစီးဌာန၏ထောက်ခံချက်။ 



FAQs

HOT NEWS
January 4,