ရုပ်ရှင်ဇာတ်လမ်းစိစစ်ခွင့်ပြုခြင်း
ရုပ်ရှင်ဇာတ်လမ်းစိစစ်ခွင့်ပြုခြင်း
Ministry of Information / April 19, 2018
ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ
ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလိုင်စင် ရှိရမည်။
လိုအပ်သော စာရွက်စာတမ်းများ
(၁) ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလိုင်စင်မိတ္တူ
(၂) ပုံစံ(ရုပ်ရှင်-၆) (ဇာတ်လမ်းစိစစ်ပေးပါရန်တင်ပြခြင်းလျှောက်လွှာ)
(၃) ထုတ်လုပ်သူ၏ တင်ပြဝန်ခံချက်
(၄) စာရေးဆရာ၏ တင်ပြဝန်ခံချက်
(၅) နှစ်ဦးသဘောတူကတိစာချုပ် (အခွန်တံဆိပ်ခေါင်းစာချုပ်ဖြင့်)
(၆) ဇာတ်လမ်းရည်ရွယ်ချက်နှင့် အမျိုးအစား
(၇) ဇာတ်လမ်းအကျဉ်း
(၈) ဇာတ်လမ်းအခန်းစဉ်များ
ဝန်ဆောင်ခ
၃၀၀၀၀ ကျပ်
လျှောက်ထားရန်အဆင့်များ
အဆင့် ၁
ရုပ်ရှင်ဇာတ်လမ်းစာအုပ်မူရင်း(၁)အုပ်၊ မိတ္တူ(၂၄)အုပ် ဖြင့်တင်ပြ ရမည်။
အဆင့် ၂
ရိုက်ကူးခွင့်နှင့်ပတ်သက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲသို့ တင်ပြခွင့်ပြုချက် ရယူရန် မလိုအပ်ဘဲ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ ခွင့်ပြုချက် ဖြင့်သာ ဆောင်ရွက်သွားရန်ဖြစ်ပါသည်။
အဆင့် ၃
ခွင့်ပြုဇာတ်လမ်းကို လုပ်ငန်းရှင်မှ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ရုပ်ရှင်နှင့် ဗီဒီယို ဆင်ဆာအဖွဲ့သို့ ကြည့်ရှုစစ်ဆေး ပေးရန် တင်ပြရမည်။
ဆက်သွယ်ရ မည့် လိပ်စာ
ရန်ကုန်
အမှတ် (၅၀) ၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
Website လိပ်စာ
http://www.moi.gov.mm/?q=content/mmpdd-e-services