မြန်မာနိုင်ငံသား (တရားဝင်) ပြည်ပအလုပ်သမားအသက်အာမခံ
-
TOPICS
- View All
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
မြန်မာနိုင်ငံသား (တရားဝင်) ပြည်ပအလုပ်သမားအသက်အာမခံ
Ministry of Planning and Finance / August 15, 2024
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
အသက် ၁၈ နှစ် မှ ၆၀ နှစ် အတွင်း ပြည်ပနိုင်ငံများတွင် တရားဝင်သွားရောက် အလုပ်လုပ် ကိုင်သည့် အလုပ်သမားများ အာမခံထားရှိနိုင်ပါသည်။
ဝန်ဆောင်ခ
တရားဝင်ပြည်ပအလုပ်သမားတစ်ဦးလျှင် အာမခံထားငွေမှာ ကျပ်သိန်း ၅၀ ဖြင့် အများဆုံး (၄)ယူနစ် ကျပ် သိန်း ၂၀၀ ထိ ထားရှိနိုင်ပါသည်။ ကျသင့်ပရီမီယံမှာ တစ်ယူနစ် တနှစ်အတွက် အာမခံကြေးကျပ် ၃၀၀၀၀/-၊ တစ်ယူနစ် ၆လ အတွက် အာမခံကြေး ကျပ် ၁၅၀၀၀/- ပေးသွင်း ရမည်ဖြစ်ပါသည်။ (အာမခံသက်တမ်း ၆ လ အတွက် တစ်ယူနစ်သာ ထားရှိနိုင်ပါသည်။)
လိုအပ်သောစာရွက်စာတမ်းများ
နိုင်ငံသားစီစစ်ရေးကဒ်မိတ္တူနှင့် နိုင်ငံကူးကဒ်လက်မှတ်မိတ္တူ တင်ပြရပါမည်။
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပရီမီယံပေးသွင်းခြင်း
အဆင့်-၃
အာမခံလက်မှတ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- သေဆုံးမှု၊ ထာဝစဉ်မသန်မစွမ်းနှင့် ထိခိုက်ဒဏ်ရာများအတွက် (မြန်မာ့အာမခံလုပ်ငန်း မှသတ်မှတ်ထားသည့် နှုန်းထားများအတိုင်း) အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။ သက်တမ်းအတွင်း သေဆုံးပါက တစ်ယူနစ်အတွက် လျော်ကြေးငွေ ကျပ် သိန်း ၅၀ ရရှိမည် ဖြစ်ပါသည်။
- အာမခံသက်တမ်းအတွင်း သေးဆုံးခြင်း၊ ထာဝစဉ်မသန်မစွမ်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။
