မြွေအန္တရာယ်အသက်အာမခံ
-
TOPICS
- View All
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
မြွေအန္တရာယ်အသက်အာမခံ
Ministry of Planning and Finance / August 13, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
အသက်ကန့်သတ်ချက်မရှိကျား/မ မရွေးထားရှိနိုင်သည်။ အရွယ်မရောက်သေးသူများအတွက် အရွယ်ရောက်သူကထားပေးနိုင်ပါသည်။
ဝန်ဆောင်ခ
တစ်ယူနစ် အာမခံထားငွေကျပ် ၅သိန်း၊ ၁နှစ်သက်တမ်းအတွက် ကျသင့်ပရီမီယံကျပ် ၅၀၀/-နှုန်း ဖြင့် အများဆုံး(၁၀)ယူနစ် အာမခံထားငွေ ကျပ် သိန်း ၅၀ ထားရှိနိုင်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
မရှိပါ။
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပရီမီယံတစ်ကြိမ်တည်းပေးသွင်းရမည်။
အဆင့်-၃
အာမခံလက်မှတ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- အာမခံသက်တမ်းအတွင်း မြွေကိုက်ခံရခြင်းကြောင့် သေဆုံးလျှင်ကျပ်(၅)သိန်း၊ ဆေးဝါးကုသစရိတ်အများဆုံးကျပ် ၈၀၀၀၀/- ရရှိနိုင်ပါသည်။
- မြွေကိုက်ခံရသဖြင့် အသက်မဆုံးရှုံးသော်လည်း မျက်စိ၂လုံးစလုံးကွယ်ခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း၊ ခြေချောင်းလက်ချောင်းများ ဖြတ်တောက်ရခြင်း တို့အတွက် ကျန်းမာရေးဌာန၏ ထောက်ခံချက်ဖြင့် အများဆုံးအကျိုးခံစားခွင့် ငွေကျပ် ၂၅၀၀၀၀/- အား ထုတ်ပေးပါသည်။
- မြွေအန္တရာယ်အာမခံထားသူသည် မြွေကိုက်ခံရခြင်းကြောင့် ဆေးဝါးကုသစရိတ် ထုတ်ယူပြီး ဖြစ်စေကာမူ ထပ်မံ၍မြွေကိုက်ခံရခြင်းကြောင့် သေဆုံးပါက ၁ ယူနစ် လျှင် ကျပ် (၅) သိန်း အထိ ထပ်မံခံစားခွင့်ပြုမည်ဖြစ်ပါသည်။
