ပြင်းထန်သောရာဂါကုသမှုအာမခံ





ပြင်းထန်သောရာဂါကုသမှုအာမခံ


Ministry of Planning and Finance / August 16, 2024

 

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက် ၆ နှစ် မှ ၆၀ နှစ် အထိ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း ထားရှိနိုင်ပါသည်။ အသက် ၆ နှစ် မှ ၁၈ နှစ် အထိ မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။

 

ဝန်ဆောင်ခ

၁ ယူနစ် မှ အများဆုံး ၁၀ ယူနစ်အထိ ဝယ်ယူနိုင်ပြီး အသက်ပိုင်းအခြားအရ ပရီမီယံနှုန်း တွက်ချက် ကောက်ခံပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

၅ ယူနစ်နှင့် အထက်ဖြစ်ပါက (သို့မဟုတ်) အသက် ၅၁ နှစ်နှင့် အထက်ဖြစ်ပါက ကျန်းမာရေး ဆေးစစ်မှုခံယူရန် လိုပါသည်။

 

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း

အဆင့်-၃

ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

  • ဆေးရုံတက်ရောက်ကုသမှုခံယူပါက အာမခံလက်ခံသူသို့ ကြိုတင်အကြောင်းကြား ရမည်ဖြစ်ပြီး ဆေးရုံမှဆင်းပြီး အလုပ်လုပ်ရက် (၁၀) ရက် အတွင်း ဆေးကုသမှု မှတ်တမ်းနှင့်တကွ အကျိုးခံစားခွင့်တောင်းခံနိုင်ပါသည်။ အာမခံလက်ခံသူမှ ထပ်မံတောင်းခံလာသော လိုအပ်ချက်များကို ၃ လ အတွင်း ပေးပို့ရပါမည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ ပြင်းထန်ရောဂါကုသမှု

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • အာမခံလက်မှတ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ

 

၂။ သေဆုံးခြင်း

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • အာမခံလက်မှတ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • သေဆုံးမှုလက်မှတ်/အထောက်အထားမိတ္တူ
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

 

၃။ ကော်မရှင်ပေးခြင်း

  • ပြင်းထန်ရောဂါကုသမှုအာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို ပေးသွင်းပရီမီယံပေါ်မှ ၁၀ ရာခိုင်နှုန်းခံစားခွင့်ပြုပါသည်။
  • ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက် ပေးပါသည်။