ပြည်တွင်းရေကြောင်းနှင့်ကမ်းရိုးတန်းသွားရေယာဉ်စက်ခန်းအုပ်များစာမေးပွဲစစ်ဆေးခြင်းနှင့်ကျွမ်းကျင်မှုလက်မှတ်များထုတ်ပေးခြင်း နှင့် လုပ်သက်များအတည်ပြုပေးခြင်း
ပြည်တွင်းရေကြောင်းနှင့်ကမ်းရိုးတန်းသွားရေယာဉ်စက်ခန်းအုပ်များစာမေးပွဲစစ်ဆေးခြင်းနှင့်ကျွမ်းကျင်မှုလက်မှတ်များထုတ်ပေးခြင်း နှင့် လုပ်သက်များအတည်ပြုပေးခြင်း
Ministry of Transport and Communications / April 09, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
လုပ်သက်အတည်ပြုနိုင်ရန်အတွက်
- ရေယာဉ်အားစစ်ဆေးမှု ခံယူစဉ် လုပ်သက်မှတ်တမ်း စာအုပ်နှင့် အတူ စစ်ဆေးမှုခံယူခြင်း
အဆင့်လိုက်စက်ခန်းအုပ်စာမေးပွဲဖြေဆိုရန်အတွက်
- သတ်မှတ်ထားသောပညာအရည်အချင်းနှင့်လုပ်သက်များရယူခြင်း
စက်ခန်းအုပ်ကျွမ်းကျင်မှုလက်မှတ်ထုတ်ပေးရန်အတွက်
- စာမေးပွဲဖြေဆိုအောင်မြင်ခြင်း
ဝန်ဆောင်ခ
(က) ရေယာဉ်လုပ်သက်မှတ်တမ်းစာအုပ် - ၁၀၀၀ ကျပ်
(ခ) ပထမတန်းစက်ခန်းအုပ်စာမေးပွဲကြေး - ၃၀၀၀ကျပ်
(ဂ) ဒုတိယတန်းစက်ခန်းအုပ်စာမေးပွဲကြေး - ၂၀၀၀ကျပ်
(ဃ)လက်မှတ်ကြေး - ၂၅၀၀ကျပ်
လိုအပ်သော စာရွက် စာတမ်းများ
စက်ခန်းအုပ်စာမေးပွဲဖြေဆိုရန်အတွက်
လျှောက်လွှာ၊ လုပ်သက်မှတ်တမ်း စာအုပ်မူရင်းနှင့်မိတ္တူ၊ ဆိပ်ကမ်း ရဲတပ်ဖွဲ့မှ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ (၆)လအတွင်းရိုက်ထားသောဓါတ်ပုံ (၂)ပုံ။
ဆက်သွယ်ရမည့်လိပ်စာ
ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ ဒေါပုံသင်္ဘောကျင်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။
Website လိပ်စာ
မရှိပါ။