ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်(ကုန်းလမ်း) လျှောက်ထားခြင်းsample title

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်(ကုန်းလမ်း) လျှောက်ထားခြင်းsample title


Ministry of Industry / February 23, 2024

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား 
စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင် (ကုန်းလမ်း) ထုတ်ပေးခြင်းအတွက်
လုပ်ဆောင်ရမည့်အစီအစဉ်များ

 

အဆင့် (၁)
    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ပစ္စည်း ထွက်ရှိသည့်နေရာမှ စွန့်ပစ်ခြင်းပြုသည့်လုပ်ငန်းသို့ ကုန်းလမ်း သို့မဟုတ် ရေလမ်းများဖြင့် သယ်ယူပို့ဆောင်သောကိစ္စရပ်များအား ဆောင်ရွက်နေသူများသည် လုပ်ငန်းလိုင်စင်ကို လျှောက်ထားရန် လိုအပ်ပါသည်။
    စွန့်ပစ်ခြင်းပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်လျှောက်ထားလိုသူသည်စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ “ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်းဆိုင်ရာအမိန့်” ပါ စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်လျှောက်လွှာ ပုံစံ(၁-က) နှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများဖြင့် ပူးတွဲတင်ပြရပါမည်-
    (က)    လုပ်ငန်းနှင့်စပ်လျဉ်းသည့်အချက်အလက်များ မိတ္တူတစ်စုံ၊
    (ခ)    ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် အထောက်အထား မိတ္တူများ၊
    (ဂ)    စွန့်ပစ်ပစ္စည်း သယ်ယူပို့ဆောင်မည့်ယာဉ်၊ ယာဉ်မောင်းနှင့် ယာဉ်လုပ်သားများအတွက် သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသည့် အထောက်အထားမိတ္တူများ၊
    (ဃ)    အထွေထွေနစ်နာဆုံးရှုံးမှုအတွက် ပေးလျော်ရန် အာမခံထားရှိမှု အထောက်အထား မိတ္တူ၊ 
    (င)     စွန့်ပစ်ပစ္စည်းအမျိုးအစားအလိုက် ယာဉ်ပေါ်တွင် ပါရှိရမည့် ဘေးအန္တရာယ်ကာကွယ်ရေးကိရိယာများ နှင့် ယင်းတို့၏ မှတ်တမ်းဓာတ်ပုံများ ၊
    (စ)     သယ်ယူပို့ဆောင်မည့်ယာဉ်၏ မှတ်တမ်းဓာတ်ပုံများ၊
    (ဆ)    မတော်တဆမှုဖြစ်ပွားပါက ဆောင်ရွက်မည့် အစီအစဉ်များ။

အဆင့်(၂)
    ဗဟိုကြီးကြပ်ရေးအဖွဲ့သည် အပိုဒ်(၄)အရ လိုင်စင်လျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၁-က)ပါအချက်များအား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်း ရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း သို့မဟုတ် အခြားအချက်အလက်များလိုအပ်ပါက လျှောက်ထားသူအား အကြောင်းကြား ဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်ပြည့်စုံပါက လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များထံသို့ အကြောင်းကြားဆောင်ရွက်မည် ဖြစ်ပါသည်။

အဆင့်(၃)
    ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာသည် လိုင်စင်ထုတ်ပေးရန် ထောက်ခံပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ လိုင်စင်ခ ပေးသွင်းရပါမည်။

လိုင်စင်ခ

စဉ် လုပ်ငန်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ ခု ၁၅၀,၀၀၀ ၂ နှစ်

အဆင့်(၃-က)(လိုင်စင်သက်တမ်းတိုးခြင်း)
    လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ပြီး ဥက္ကဌ၏ ခွင့်ပြုချက်ရရှိပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ လိုင်စင်သက်တမ်းတိုးမြှင့်ခ ပေးသွင်းရပါမည်။

လိုင်စင်သက်တမ်းတိုးမြှင့်ခ

စဉ် လုပ်ငန်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ ခု ၁၀၀,၀၀၀ ၂ နှစ်

 အဆင့်(၄)
    လျှောက်ထားသူကိုယ်တိုင် လိုင်စင်ထုတ်ယူပါက မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ၊ မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း ပူးတွဲယူဆောင်လာရပါမည်။
    မှတ်ချက်။ လိုင်စင်သက်တမ်းသည် (၂) နှစ်သာဖြစ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ
စာချုပ်စာတမ်းများစိစစ်ရေးဌာန၊
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန၊
ရုံးအမှတ်(၃၀)၊ နေပြည်တော်။

 

ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်ထုတ်ပေးမှုအစီအစဉ် နှင့် စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်(ကုန်းလမ်း) ထုတ်ပေးခြင်းအတွက် လုပ်ဆောင်ရမည့် အစီအစဉ်များအား download ရယူနိုင်ပါသည်။



FAQs

Services (Online) - 126 items Explore more

Health and Safety Protocol Certification System

Ministry of Hotel & Tourism / April 20, 2023

Rating

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ်(Passport) လျှောက်ထားခြင်းဝန်ဆောင်မှု

Ministry of Home Affairs / April 03, 2023

၂၄-၃-၂၀၂၃ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် www.passport.gov.mm website တွင် Online Appointment စနစ်ဖြင့်

Rating
HOT NEWS
January 4,