မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ


ပြည်ထဲရေးဝန်ကြီးဌာန / July 23, 2024

လျှောက်ထားသူအားလုံးပါရှိရမည့်အထောက်အထား

  • နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူ ၂ စုံ
  • အိမ်ထောင်စုစာရင်းမူရင်းနှင့်မိတ္တူ ၂ စုံ
  • အသက် ၁၀ နှစ်အောက်ဖြစ်လျှင် မွေးစာရင်း မူရင်းနှင့်မိတ္တူ ၂ စုံ
  • UID ကတ်ပြား မူရင်းနှင့်မိတ္တူ ၂ စုံ

သင်္ဘောသားဖြစ်ပါက(PS)

  • ပြည်တွင်းရေကြောင်းမှ အခြေခံပင်လယ်ပြင် အသက်အန္တရာယ် လုံခြုံမှုသင်တန်းဆင်းလက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ
  • သက်တမ်းတိုးဖြစ်ပါက မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက်မှတ်တမ်း (CDC)စာအုပ် မူရင်းနှင့် မိတ္တူ ၂ စုံ
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ

စီးပွားရေးမြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူများ(PB)

  • ကုမ္ပဏီလိုင်စင်(သက်တမ်းရှိ) မူရင်းနှင့် မိတ္တူ ၂ စုံ
  • ကုမ္ပဏီမှတ်ပုံတင် မူရင်းနှင့် မိတ္တူ ၂ စုံ
  • ပုံစံ(၆/၂၆) မူရင်းနှင့် မိတ္တူ ၂ စုံ

ပြည်ပအလုပ်အကိုင်အတွက် လျှောက်ထားသူများ(PJ)

  • အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ ထုတ်ပေးသော အလုပ်သမား မှတ်ပုံတင်ကတ်ပြား မူရင်း
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ

မှီခိုလျှောက်ထားသူများ(PT)

  • နိုင်ငံခြားသားမှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ်ပေးသွင်းပြီးကြောင်း ထောက်ခံစာ
  • လက်ထပ်စာချုပ်ကဲ့သို့သော အထောက်အထားများ

ရဟန်းသံဃာများ/ သီလရှင်များ(PR)

  • သာသနာဝင်ကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
  • မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ

နိုင်ငံ့ဝန်ထမ်းများ

  • သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ပခွင့် မူရင်းနှင့် မိတ္တူ ၂ စုံ

တပ်မတော်သားများ၏ ဇနီး/ခင်ပွန်းနှင့် သားသမီးများ

  • ကက(ကြည်း)၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ

ပြစ်ဒဏ်ကျခံဖူးသူများ

  • ထောင်ထွက်လက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ

GREEN CHANNEL-GC

  • MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့်ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခရီးသွားအေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ် များဖြင့် သွားရောက်မည့်သူများ၊ ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့်များထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတစ်ဆင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၊ ရုံးအမှတ်(၃၈) ၊ နေပြည်တော်သို့ ရုံးစာဖြင့် ပေးပို့တင်ပြသွားရန် ဖြစ်ပါသည်။
  • ပြည်ပသို့ဆေးကုသွားမည့်သူများ၊ ဆေးကုဖော်လိုက်ပါမည့်သူများအနေဖြင့် ပြည်တွင်းဆေးကု မှတ်တမ်း၊ ပြည်ပရှိ ဆေးကုသမည့်ဆေးရုံမှ Appointment Date ပါရှိသည့်ဆေးကုသရန်ခေါ်စာ တို့နှင့်အတူ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ရုံးအမှတ်(၃၈) ၊ နေပြည်တော်သို့ ရုံးစာဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးမှုအခြေအနေ

  • အသက် ၆၀ ကျော် ကျန်းမာရေးမကောင်းသူ
  • ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးကုသမှုခံယူနေသူများ
  • ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိသူများ



မေးလေ့ရှိသောမေးခွန်းများ

ဝန်ဆောင်မှု (အွန်လိုင်း) - ၁၂၇ ခု ဆက်လက်ကြည့်ရှုရန်

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌ Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ်(Passport) လျှောက်ထားခြင်းဝန်ဆောင်မှု

ပြည်ထဲရေးဝန်ကြီးဌာန / July 23, 2024

နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင်

Rating

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၏ FSD Online Web Application System (app.fsd.gov.mm)

ပြည်ထဲရေးဝန်ကြီးဌာန / July 23, 2024

မီးသတ်ဦးစီးဌာနသည် အဆောက်အဦများ၏ မီးဘေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ .....................

Rating